(17)

1K 69 17
                                    

ချစ်နေရုံသာ (17)

ငယ် အိမ်ထဲဝင်သွားတာနဲ့ သူလည်း နောက်ကနေ အသာလိုက်ဝင်ခဲ့သည်။ တီလေးကို မေးကြည့်တော့ သားအဖ နှစ်ယောက်လုံး သူတို့အခန်းထဲ ဝင်သွားသည်ဟု ပြော၍ သူလည်း အနောက်က လိုက်သွားလိုက်သည်။

အခန်းထဲ ရောက်တော့ သားအဖ နှစ်ယောက်လုံးကို မတွေ့ ။ သေချာနားထောင်မှ ရေသံတွေ ကြားရ၍ ရေချိုးခန်းထဲ မှာမှန်း သိလိုက်ရသည် ။

" ဒေါက် ~ ဒေါက် ~ ဒေါက် ~"

" ငယ်ရေ ရေချိုးနေတာလား အကြာကြီး မလုပ်နဲ့နော် ဖျားလိမ့်မယ် "

" ပြီးပြီ ။ ငါချိုးနေတာ မဟုတ်ဘူး ။ သားလေ မပြောမဆိုနဲ့ ရေခ်ျိုးနေတာနဲ့ သူ့ဘာသာ ချိုးရင် ကြာမှာစိုးလို့ ဝင်ချိုးပေးနေတာ "

သားလေးကို ပွေ့ကာ ရေချိုးခန်းထဲက ထွက်လာတဲ့ ရောင်ငယ် ။ သားလေးနဲ့ ရေဆော့လာသည်ထင် အင်္ကျီတွေလဲ ရေတွေ စိုရွှဲနေပြီး နဖူးပေါ်က ဆံပင်တွေပေါ်မှာလည်း ရေစက်လေးတွေ တွဲလဲခိုနေသည်။

" ငယ်ရယ် ရေတွေလဲ စိုရွှဲနေတာပဲ ဖျားကုန်တော့မှာပဲ ရေသွားချိုးလိုက် သားကို ကိုပဲ အင်္ကျီဝတ်ပေးလိုက်မယ် "

" ငါ.... ငါ ရေချိုးနေတုံး သားလေးကို ခေါ်သွားမှာ မဟုတ်ပါဘူးနော် "

သံသယတွေ များလွန်းနေတဲ့ ကောင်လေးကို ပုခုံးလေးကနေ အသာလေး ကိုင်ရင်း သူယုံကြည်အောင် ပြောရသည်။

" ငယ်ရယ် ကိုပြောတယ်လေ ငယ်နဲ့ သားကို ထပ်ပြီး မခွဲတော့ဘူးလ်ို့ ။ ရေသွားချိုးချီနော် ။ ဒီလိုနဲ့ ဖျားတော့မယ် ။ ရေသွားချိုးတော့နော် "

" မင်း... မင်း ကတိတည်နော် "

" အင်း ကို ကတိပေးတယ် ဟုတ်ပြီလား "

ရေသွားချိုးဖို့ အရေးကို တော်တော် ပြောယူလိုက်ရသည်။ ဒီကလေး သူ့ကို မယုံကြည်ပါလား ဆိုတဲ့ စိတ်က သူ့ရင်ကို တင်းကြပ်သွစေသည် ။ ငယ် သူ့ကို မယုံတာလည်း ဖြစ်သင့် ပါတယ်။ သူ လုပ်ခဲ့ သမျှက ယုံကြည်ဖို့မှ မထိုက်တန်တာ။

သားလေးကို ဗီရိုထဲက အဝတ်အစားတွေ ထုတ်ဝတ်ပေးလိုက်ပြီး သားအဖ နှစ်ယောက် ကုတင်ပေါ်မှာ ပစ်လှဲလိုက်သည်။

ချစ်နေရုံသာ.... Where stories live. Discover now