ချစ်နေရုံသာ.. (13)

908 70 6
                                    

ချစ်နေရုံသာ... (13)

ရောင်ငယ်တို့ ပြန်သွားတော့ မေမေက သူ့ကို စကားပြောစရာ ရှိတယ်ဟု ပြောလာတာကြောင့် မိသားစု သုံးယောက်သား ဖေဖေရဲ့ အလုပ်ခန်းထဲ ဝင်လိုက်ကြသည်

"ဖြန်း....... "

ပါးကို ရုတ်တရက် အရိုက်ခံလိုက် ရတာမို့ သူလည်း ကြောင်သွားသည်
ရိုက်တဲ့လူက သူ့မေမေ တဲ့လား

မေမေ ဆိုတာ သူမွေးကတည်းက တစ်ခါမှပင် ဆူဖူး ငေါက်ဖူးသည့်သူ မဟုတ်
အခုလို ရိုက်ဖို့ဆို ဝေးစွပင်

" မေ.... မေမေ.... "

"မာလာ.... "

"ကို အသာနေ ဒီကောင့်ကို မာလာ ဒီ့ထက်ကို ရိုက်ချင်သေးတာ "

" မေမေ သား ဘာအမှား လုပ်ခဲ့လို့လဲ "

" ဘာ အမှား လုပ်လို့လဲ ဟုတ်လား
မင်း ဘာအမှားလုပ်လဲ တစ်ကယ် မသိတာလား
မသိချင်ယောင် ဆောင်နေတာလား ဟမ် ပြောစမ်းပါ ရှိုင်းဆတ်ပိုင်"

" သား.... သား တစ်ကယ် မသိတာ မေမေ....
မေမေ ပြောပြမှ သားသိရမှာပေါ့ "

" မာလာ... ကို့ကိုလည်း ပြောပြပါဦး ....
သားက ဘာတွေလုပ်လို့..
တစ်ခါမှ မရိုက်ဖူးတဲ့ မာလာက လက်ပါရတာလဲ "

" ကောင်းပြီလေ မာလာ ပြောပြမယ်
ကိုသိလား မာလာ တစ်သက်လုံး လိမ္မာတယ် ဆိုပြီး ဂုဏ်ယူခဲ့ရတဲ့ သားက ဘာတွေ လုပ်နေလဲ ဆိုတာကို...
ကို့သားက သားအဖ နှစ်ယောက်ကို ရှင်ခွဲ ခွဲဖို့ လုပ်နေတယ်လေ တစ်ကယ်....... တစ်ကယ် အခုချိန်ထိ ကျွန်မ ဂုဏ်ယူခဲ့ရသမျှက အလကားပဲ...... "

" မေမေ ဘာတွေပြောနေတာလဲ သားက ဘယ်သူတွေကို ရှင်ခွဲ ခွဲနေလို့လဲ.... "

" ဘာ.... မင်းက ဒါကိုတောင် မသိသေးဘူးပေါ့လေ.....
မင်း ရောင်ငယ်နဲ့ မြေးလေးကို ခွဲဖို့ လုပ်နေတယ်မလား ဟမ် ပြောစမ်းပါ "

" ဘာ..... သား... မင်းအမေ ပြောတာ တစ်ကယ်ပဲလား "

" သားက ရှင်ခွဲ ခွဲတာ မဟုတ်ပါဘူး သားလေးကို သားနဲ့ ပန်းချီက ခေါ်ထားပြီး မိစုံဖစုံနဲ့ နေရအောင် လုပ်ပေးမှာပါ..... "

" ဘာပြောတယ် ရှိုင်းဆတ်ပိုင် နင်... နင် တော်တော် အတ္တကြီးတာပဲ
မထင်ခဲ့ဘူး ငါမွေးခဲ့တဲ့ သားက ဒီလောက်ထိ လူစိတ်မရှိဘဲ နေမယ်လို့
မင်းမို့လို့..... မင်းမို့လို့ သားနဲ့ အမေကို ခွဲဖို့ လုပ်ရက်တယ်"

ချစ်နေရုံသာ.... Where stories live. Discover now