ချစ်နေရုံသာ.. (10)

917 59 4
                                    

ချစ်နေရုံသာ.. (10)

အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲ ချြေချလိုက်တာနဲ့ အမိမြေရဲ့ လက်ဆက်တဲ့ လေထုကို ရှူရှိုက်မိသည်
ထွက်သွားတာ အတော်ကြာမှ ပြန်ရောက်လာတော့ နွေးထွေးတဲ့ လေကို အားပါးတရ ရှူရှိုက်လိုက်သည်

"ပါးပါး.... သားတို့ အခု daddy စီ သွားကြမှာလားဟင်"

"ဘွားဘွားတို့အိမ်ကို သွားကြမှာ သားငယ် ဘွားဘွားတို့နဲ့တွေ့ရင် လိမ်လိမ်မာမာ နေရမယ်နော်"

"စိတ်ချပါ ပါးပါးရဲ့ သား လိမ္မာပါ့မယ်"

"ဟုတ်ပြီ လာ ပါးပါးတို့ သွားကြမယ်"

ရောင်ငယ်တို့ အခု မြန်မာပြည် ပြန်လာကြပြီ
မေမေတို့ကို သတိရလို့ ပြန်ချင်တဲ့အကြောင်း ပြောတော့
David တို့က သတိရရင် လာလည်လို့ ပြောပြီး သူနဲ့ သားလေးကို လေဆိပ်ထိ လိုက်ပို့ကြသည်

သားလေးက လေယာဉ် ပေါ်မှာ တစ်လမ်းလုံး အိပ်လိုက်လာပြီး
အခု အိပ်ရေးဝတော့ တက်ကြွနေသည်

သူလည်း taxi ငှားပြီး မေမေတို့ အိမ်ကို ပြန်လာခဲ့လိုက်သည်
သူ့ကို မြင်ရင် မေမေတို့ ဘယ်လိုတုံ့ပြန်မလဲ
သားမိုက်ဆိုပြီး ဆူများဆူမလား
အံ့သြမှုတွေနဲ့ပဲ စီးကြိုမလား
သားလေးကိုရော လက်ခံပေးကြ ပါ့မလား
ဘယ်လိုတွေနဲ့ ကြုံရဦးမလဲ မသိတော့ဘူး

အိမ်ကို ကြည့်လိုက်တော့ အရင်ပုံစံ အတိုင်း ပြောင်းလဲသွားတာ တစ်ခုမှမရှိ
တစ်ခုပဲ တိတ်ဆိတ်လွန်းသွားတာ
ဒီအချိန်ဆို ဖေဖေက ကုမ္ပဏီ သွားလောက်ပြီမို့ အိမ်မှာ မေမေတစ်ယောက်ထဲပဲ ကျန်နေခဲ့မှာ
မေမေ ဘယ်လောက်တောင် အထီးကျန်နေမလဲ
သူ့ကိုရော သတိရသေးရဲ့လား

အမှားလုပ်ထားတဲ့ လူဆိုတော့ အပြစ်ရှိတဲ့ ခံစားချက်ကြီးက ရင်ထဲမှာ စို့တက်လာသည်
မိမိအပြင် မရှိတဲ့ ဖေဖေနဲ့ မေမေကို ထားပြီး သူထွက်လာမိတာ
အိမ်မှာ ဖေဖေနဲ့မေမေ ဘယ်လိုကျန်ခဲ့မလဲ သူမတွေးမိခဲ့

သူမရှိတဲ့ အတွင်း အဆင်ပြေကြရဲ့လား
မေမေရော သူ့ကို သတိရလို့ ငိုများနေမလား

တစ်ခုချင်းစီ တွေးမိတိုင်းမှာ မျက်ရည်တွေက မျက်လုံးထဲ ဝေ့နေသည်
သားကလည်း သူ့ကို အံ့သြသလို ကြည့်နေသည်
သူ့ပါးပါး မျက်ရည်ကျတာ မှ သားက မမြင်ဘူးပဲ

ချစ်နေရုံသာ.... Where stories live. Discover now