ချစ်နေရုံသာ.. (15)

1K 70 12
                                    

ချစ်နေရုံသာ.. (15)

အစည်းအဝေး ပြီးသွားတော့ သူလည်း CEO အခန်းထဲ ထိုင်ကာ လူတစ်ချို့ကို စောင့်နေလိုက်သည်
ဖေဖေက ကြင်နာတတ်တော့ တစ်ချို့ ကိစ္စတွေကို မသိချင်ယောင် ဆောင်တတ်သည်
တစ်ချို့လူတွေက ဒါကို အခွင့်ကောင်းယူပြီး လာဘ်ပေးလာဘ်ယူတွေ လုပ်ကြသည်

သူ ကုမ္ပဏီ ဝင်ပြီး နှစ်ရက်လောက် ပြန်စစ်ကြည့်လိုက်တော့ အကုန်လုံးက ဘူးပေါ်သလို ပေါ်လာလေသည်

"CEO .... ခေါ်ထားတဲ့ လူတွေ ရောက်ပါပြီ "

" ဝင်ခိုင်းလိုက်.... "

သူပြောပြီးတာနဲ့ အထဲကို လူတစ်စု ဝင်လာကြသည်
ဘယ်သူတွေလဲ မှန်းနေစရာ မလိုပေ
လာဘ်စားထားတဲ့ လူတွေဆိုတာ သိသာတယ်
အများစုက ဆွေးမျိုးကောင်းစားရေး ဝါဒသမားတွေ

" ခများတို့ကို ကျွန်တော် ဘာလို့ ခေါ်တွေ့လဲ ဆိုတာ သိမှာပါ "

" ဟုတ်ကဲ့ CEO ကျွန်တော် တို့ သိပါတယ် "

" ကောင်းပြီလေ ဒီလိုဆို ကျွန်တော် ထပ်ပြောစရာ မလိုတော့ဘူး
အခု ခများတို့ ခန့်ထားတဲ့ လူတွေရဲ့ အသေးစိတ် အချက်အလက်ကို ကျွန်တော့်ကို ပေးပါ အဲ့ထဲကမှ ကျွမ်းကျင်မှု အလိုက် ပြန်ပြီး နေရာချပေးမယ် ဒိလိုလုပ်တာက ဒါက ခများတို့ အခုမှ လုပ်နဲ့ အမှားဖြစ်တဲ့ အပြင်ကို အရင်က ကုမ္ပဏီ အတွက် အကျိုးပြုပေးခဲ့ တာတွေကြောင့် သက်ညှာ ပေးလိုက်တာ နောက်ထပ် ဒီလို အဖြစ်မျိုး company အတွင်း ထပ်ရှိလာမယ်ဆို ခြွင်းချက်မရှိ ထုတ်ပယ်မှာပါ  သွားလို့ရပြီ အသေးစိတ် အချက်မလက်တွေကို မနက်ဖြန် ကျွန်တော် company ရောက်တာနဲ့ မြင်ချင်တယ် "

" ဟုတ်ကဲ့ပါ CEO "

" ဧကရီ .... "

" ဟုတ်ကဲ့ CEO "

" နှစ်ချုပ်စာရင်းတွေ ရပြီလား "

" ရပါပြီ boss ဒီမှာပါ.... "

ဧကရီ့ လက်ထဲက file တွေကို ယူကြည့်တော့ သုံးနှစ်စာ စာရင်းတွေ
ဟူး.... ဒါတွေကို ပြန်စစ်ကြည့်ရဦးမယ်

" ဒီနေ့ အလုပ်ကိစ္စ ဘာတွေ ရှိသေးလဲ "

" မရှိတော့ပါဘူး boss မနက်ဖြန်တော့ မနက်ပိုင်းမှာ အစည်းအဝေး ရှိပါတယ် "

ချစ်နေရုံသာ.... Donde viven las historias. Descúbrelo ahora