ချစ်နေရုံသာ..... (4)

839 63 0
                                    

SJL4)

ရောင်ငယ့်ရဲ့ တစ်နေ့တာက ပုံမှန် အတိုင်းပါပဲ ဒီနေ့လည်း ရှိုင်းက ကျောင်းသွားဖို့ ရောင်ငယ့်ကို လာခေါ်သည် နှစ်ယောက်လုံး မနက်စာလဲ မစားဖြစ်ကြ ထုံးစံလို ဖြစ်နေသော အကျင့်တစ်ခု ကျောင်းရောက်ခါမှ ရှိုင်းက ကန်တင်းကနေ တစ်ခုခု ဝယ်ပေးလိမ့်မည်
ကျောင်းရောက်တော့ ရှိုင်းက အခန်းထဲထိ လိုက်ပို့ပေးပြီးမှ မုန့်ဝယ်ဖို့ ထွက်သွားလေသည် ရှိုင်းထွက်သွားပြီး မကြာခင်မှာပဲ ကောင်မလေး တစ်ယောက်က ရောင်ငယ့်ဘေးကို လာရပ်လေသည် ရောငယ် မော့ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက် ရွှေရောင် ဆံနွယ် ဖြူဖွေးဖွေး အသားအရေ နီထွေးထွေး နှုတ်ခမ်းပါး ဖြူဖွေးနေတဲ့ အသားအရေနဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ အနီရောင် ဂါဝန်လေး ဂါဝန်က ဒူးအထက်ပဲ ရှိသည်မို့ သူမရဲ့ ခြေတံ သွယ်သွယ်လေးတွေကို အတိုင်းသား မြင်နေရသည် သူမစီးထားတဲ့ ဒေါက်ဖိနပ်က သူမရဲ့ ခြေထောက် ဖြူဖြူလေးနဲ့ ပနံသင့်လှသည်
"hi လရောင်ငယ် .... "
"ဒီက အမက ကျွန်တော့်ကို သိတာလားဟင်"
"လရောင်ငယ် နဲ့  ရှိုင်းဆတ်ပိုင်ကိုမှ မသိရင် DU ကျောင်းသား မဟုတ်လို့ပဲ နေမှာ"
"အာ...... "

လရောင် ရှက်ရှက်နဲ့ ကိုယ့်ဂုတ်ပိုးကို ပြန်ပွတ်နေမိသည် ပြီးတော့ သူမကို ရီပြလိုက်ကာ
"ထိုင်လေအမ.... "
"အင်းပါ.... ဒါနဲ့ ရှိုင်းရော.... "
"ရှိုင်းက ရောင်ငယ့်ဖို့ မုန့်သွားဝယ်တယ်မမ.... "
"အော်.... ရှိုင်းက ရောင်ငယ့်ကို အရမ်းဂရုစိုက်တယ်နော်"
"ဟုတ်တယ် ရောင်ငယ့်ကို သူ့ညီလေးတဲ့လေ ညီကို အစ်ကိုက ဂရုစိုက်ပေးရမှာပေါ့တဲ့ ရှိုင်းက ရောင်ငယ့်ကို တော်တော်ဂရုစိုက်ပေးတယ် ရောင်ငယ့်မှာလည်း ခင်စရာဆိုလို့ သူတစ်ယောက်ပဲ ရှိတာလေ"

ရှိုင်းကို စောင့်နေရင်း သူမနဲ့ စကားတွေ ပြောနေမိသည် နောက်မှ သိလိုက်ရတာက သူမနာမည်က တေးပန်ချီတဲ့ ရောင်ငယ်တို့ major queen ပေါ့
ခဏနေတော့ ရှိုင်းပြန်လာတယ် လက်ထဲမှာလည်း မုန့်တွေက အများကြီးပဲ
"ရှိုင်း ပြန်လာပြီလား.... မုန့်တွေလည်း အများကြီးပဲ ... "
"အင်းလေ ဝက်ပေါက်လေးအကြောင်း သိလို့ အများကြီး ဝယ်လာတာ"
"ဟွန့်... ရှိုင်းနော် စလာပြန်ပြီလား..... "
"ဟုတ်ပြီ မစတော့ဘူးနော်.... "
"အင်းပါ...... ရှိုင်း ဒါကလေ တေးပန်ချီတဲ့ စေနလေးကမှ ရောင်ငယ်နဲ့ ခင်သွားတာ.... ပန်းချီ... ဒါက ရှိုင်းတဲ့ ရောင်ငယ့် အချစ်ဆုံး သူငယ်ချင်းကြီး"

ချစ်နေရုံသာ.... Donde viven las historias. Descúbrelo ahora