ချစ်နေရုံသာ.. (7)

818 65 6
                                    

ချစ်နေရုံသာ... (7)

ရှိုင်းတစ်ယောက် စာမေးပွဲ ပြီးကတည်းက ဖေဖေ့ အလုပ်တွေကို ကူလုပ်ပေးနေရလို့ အပြင်ပင် မထွက်ရ
မနက်ဖြန် ပန်းချီနဲ့ ခရီးသွားဖို့ ရှိလို့သာ ဒီနေ့ ဖေဖေနဲ့ ကုမ္ပဏီ လိုက်မသွားပဲ အိမ်မှာပဲ ခရီးသွားဖို့ ပြင်နေတာ
ချောင်းသာကို နှစ်ရက်လောက် သွားနားဖို့ စဉ်းစားထားတာ

ရောင်ငယ့်ကိုရော ခေါ်လိုက်ရမလား တွေးမိသည်
သူလည်း စာမေးပွဲ ပြီးကတည်းက အလုပ်ရှုပ်နေတာ
ပြီးတော့ သူနဲ့ ကောင်းကောင်းမွန်မွန် စကားမပြောဖြစ်တာလဲ ကြာပြီလေ

ပြော ရရင် သူပန်းချီ့ကို ချစ်နေတာ ရောင်ငယ်သိသွားကတည်းက နှစ်ယောက်က ဘယ်လိုဖြစ်လဲ မသိ တဖြေးဖြေးနဲ့ ဝေးသွားသလိုပဲ ပြောရရင် ကို့အပြစ်လဲ ပါပါတယ် ပန်းချီ့ကို ဂရုစိုက်နေတာနဲ့ ရောင်ငယ့်ကို ပစ်ထားသလို ဖြစ်သွားတာ သူတော်တော်လေး စိတ်မကောင်း ဖြစ်နေတယ်ထင်တယ်

ဒါကြောင့်လဲ ဒီတစ်ခါ ခရီးသွားရင် သူ့ကိုပါ ခေါ်ဖ်ို့စဉ်းစားနေတာ
လိုက္ပါ့မလားောတ့ မသိဘူး
လိုက်မှာပါ ရောင်ငယ်က သူဘယ်ခေါ်ခေါ် လိုက်နေကြပဲကို

အတွေးများနေတဲ့ ရှိုင်းတစ်ယောက် ဘေးက ဖုန်းသံကြားမှ သတိပြန်ဝင်လာသည်
ဘယ်သူလဲ ကြည့်လိုက်တော့ ရောင်ငယ်
ဘာပြောစရာ ရှိလို့လဲမသိဘူး ဒီအတောအတွင်း ရောင်ငယ့်စီက ဖုန်းလာတာ ရှားသည်လေ

"hello... ရောင်ငယ် ပြော.. "
"ရှိုင်း မင်း ညနေကျ အားလား ပန်းချီနဲ့ ချိန်းထားတာရှိလား"
"မရှိပါဘူး..... ဘာလို့လဲ "
"တစ်ကယ်လို့ အချိန်ရရင် ညနေကျ ငါမင်းစီ လာခဲ့မလို့"
"အင်း လာခဲ့လေ ငါစောင့်နေမယ်... "

ဒါလေးပဲ... ဒါလေးပဲ ပြောပြီး ဖုန်းချသွားပြီ ကျန်တဲ့ အပိုကိစ္စကို ဘာမှမပြောဘူး
အနည်းဆုံး စာမေးပွဲ ဖြေနိုင်လားတောင် မမေးဘူး
တစ်ကယ် အရင်က သူ့ကိုတွေ့ရင် ကလေးလို ဖြစ်သွားတဲ့ လရောင်ငယ်ကို ပြန်လိုချင်လိုက်တာ ဘာတွေကများ လရောင်ငယ်ကို ပြောင်းလဲသွားစေရတာလဲ

သူလည်း  အိမ်ထဲဝင်ကာ မေမေ့ကို ရောင်ငယ်လာမယ့် အကြောင်းပြောလိုက်သည်
မေမေလည်း ရောင်ငယ့်ကို တွေ့ချင်နေသည်ထင် ရောင်ငယ် လာမယ်လို့ ကြားလိုက်တာနဲ့ မျက်နှာတွေ ဝင်းလာသည်

ရောင်ငယ် ရှိုင်းကို ပြောသင့်တယ် ထင်လို့ ဖုန်းဆက်လိုက်တာပါ
သူ့ကို မပြောဘဲ ချောင်းသာကို လိုက်လာရင် သူစိတ်ဆိုးသွားမှာလဲ ကြောက်ရသေးသည်လေ
ဘယ်လောက်ပဲ ပန်းချီက လိုက်ခိုင်းတယ် ပြောပြောပေါ့

ချစ်နေရုံသာ.... Where stories live. Discover now