(20)

951 46 1
                                    

ချစ်နေရုံသာ... (20)

Traders Hotel မှာ ကျင်းပတဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲရဲ့ အလည်မှာ ရောင်ငယ်တစ်ယောက် မျက်နှာ တစ်မဲ့မဲ့နဲ့ ဖြစ်နေသည် ။ သူငယ်ချင်းရဲ့ မင်္ဂလာပွဲမို့ လာခဲ့ရပေမယ့် အမှန်တစ်ကယ်တော့ နေလို့ သိပ်မကောင်းပါ ။

ပန်းချီတို့ ဖိတ်စာ လာပေးတဲ့ နေ့ကတည်းက သူ့မှာ မအီမသာနဲ့ နေလို့မကောင်း ။ အချဉ် အစပ်က လွဲပြီး ဘာဆို ဘာမှ စားချင်စိတ် မရှိမိ ။

အခုထိပဲ ဟင်းအနံ့ဆို ဘယ်အနံ့မှ မခံနိုင် ။ တစ်ခုခု စားရင်တောင် အနံ့ရရုံနဲ့ ပျို့တင်လာတာ ။

အခုလည်း ဖြစ်ပြန်ပြီ ။ အရှေ့က တည်ခင်းထားတဲ့ မုန့်တွေရဲ့ အနံ့က သူ့ကို ရန်ရှာနေသည် ။ ချိုအီအီ အနံ့ကို ရတာနဲ့ ရင်ထဲက ပျို့တက်လာပြီ ။ အန်ချင်တာကို ထိန်းထားရလို့ ရင်ထဲမှာ တင်းကြပ်နေပြီ ။ ကြာလာတော့ အသက်ရှူပါ ကြပ်လာသည် ။

" ငယ် .. ဘာလို့လဲ နေမကောင်းဘူးလား .. "

သူမေးတာကို ကြားပေမယ့် သူ့မှာ ပြန်ဖြေဖို့ အင်အားမရှိ ။ မျက်ဝန်းတို့နဲ့သာ ကြည့်ပြီး အဖြေပေးရသည် ။

" ငယ် .. ဒီမှာ ခဏနေနော် ကို ပန်းချီ့ကို သွားပြောလိုက်မယ် ခဏပဲနော် .. ပြီးရင် ကိုတို့ ဆေးရုံ သွားကြမယ် "

ဒီစကားကိုလဲ ခေါင်းပဲ ညိတ်လိုက်နိုင်သည် ။ တော်သေးတာက သူတို့ နေရာက သတို့သား သတို့သမီး နေရာနဲ့ နီးတော့ အပေါ်ကနေ သူ့ကို မြင်နေရတဲ့ ပန်းချီက ခေါင်းညိတ်ပြသည် ။

သူနောက်ဆုံး သိလိုက်တာက အစ်ကိုက သူ့ကို ပွေ့ပြီး ခန်းမထဲကနေ ထွက်ခဲ့တယ် ဆိုတာပဲ ။ နောက်ဆက်တွဲ ဘာဖြစ်လဲ သူမသိတော့ ။ ဘာလို့ဆို သူ့မျက်ဝန်းတွေက ပိတ်ကျသွားပြီး အမှောင်ကမ္ဘာစီ ခေတ္တ အလည်ရောက်သွားသည်လေ.. ။

မနက်ကတည်းက မျက်နှာတစ်ခုလုံး ဖြူလျော့နေတဲ့ ငယ့်ကို မလိုက်ခဲ့ဖို့ ပြောပေမယ့် အဆင်ပြေပါတယ် ပြောပြီး အတင်းလိုက်လာတဲ့ ငယ်ဟာ ခန်းမထဲမှာ အချိန်အတော်ကြာ ထိုင်ပြီးတာနဲ့ မူမမှန်တော့တာကြောင့် သူ့မှာ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတာ ။

ချစ်နေရုံသာ.... Where stories live. Discover now