ချစ်နေရုံသာ... (3)

929 56 2
                                    

*ရှိုင်း မုန့်သွားဝယ်တာလဲ ကြာလိုက်တာ ဒီမှာမှ ဗိုက်ဆာနေပါတယ်ဆို *

ရောင်ငယ် ဗိုက်ဆာလွန်းလို့ မနေနိုင် မထိုင်နိုင် ဖြစ်နေရပြီ နေရာကနေ ထိုင်လိုက် ထလိုက်နဲ့ တံခါးဘက်ကို လှမ်းကြည့်ရင်း မျှော်နေရှာတယ်
ခဏနေတော့ ရှိုင်းက အထုတ်ကြီး အထုတ်ငယ် များစွာဆွဲပြီး အခန်းထဲ ဝင်လာတယ်

ရောင်ငယ် ရှိုင်းဆီက အထုတ်တွေ ပြေးစွဲရင်း အပြစ်တင်ဖို့ကလည်း မမေ့
"ရှိုင်းကလည်း ဘာတွေ လုပ်နေတာလဲ ဒီမှာမှ ဗိုက်ဆာနေပါတယ်ဆို "

"sorry ပါ ရောင်ငယ်ရယ် ကန်တင်းက လူရှုပ်နေတော့ စောင့်နေရတာ ကြာသွားတာ"
"ရောင်ငယ် ဘာကြိုက်မှန်း မသိလို့ မာလာရှမ်းကောနဲ့ ကြက်ကြော်ပဲ ဝယ်ခဲ့လိုက်တယ်"

"အွန်း.. အွန်း. ရောင်ငယ့်အကြိုက်တွေပဲ နှစ်ခုလုံးက စားတော့မယ်နော် ရှိုင်းရော စားဦးမလား"
"ကိုက စားခဲ့ပြီးပြီ ရောင်ငယ်ပဲ စားတော့နော်"
"အာ့များ ရှိုင်းရာ ပိုက်ဆံကုန်အောင် အများကြီး ဝယ်လာတယ် မကုန်ရင် နှမြောစရာကြီး,"
"တော်ကြာ ရောင်ငယ် မဝမှာစိုးလို့ အများကြီး ဝယ်လာတာ မကုန်လည်း ဘာဖြစ်လဲ"

"ရောင်ငယ့်ပုံက အစားပုတ်တဲ့ပုံ ပေါက်နေလို့လား ဟွန့်😏"
"ဟားဟား.. ဟုတ်ပါပြီကွာ ရောင်ငယ် ကုန်သလောက်ပဲ စားပါ မကုန်လည်း ပစ်လိုက်မှာပေါ့"
ရောင်ငယ် တစ်ယောက် စားလိုက်တာ စားလိုက်တာ သိပ်မကုန်ရှာပါဘူး မာလာရှမ်းကော တစ်ပွဲနဲ့ ကြက်ကြော် လေးတုံး တစ်ခါထဲ ကုန်သွားတယ်
ဒါတောင် သူက သူအစားပုတ် မဟုတ်ဘူးလို့ ပြောချင်သေးတာ

ရှိုင်းလည်း ရောင်ငယ် စားသောက် ပြီးသွားတော့ ရေဘူးလေး ထုတ်ပေးလိုက်ရင်း

"ရောင်ငယ် ဝပြီလား ဘာစားချင်သေးလဲ"
"ရှိုင်းနော် ရောင်ငယ့်ကို ရွဲ့နေတာလား ရောင်ငယ် အစားပုတ် မဟုပ်ပါလူးဆို"
"ဟုတ်ပါတယ် အစားပုတ် မဟုတ်ပါဘူး ဝက်ပုတ်လေးပါ ဟားဟားဟား..... "
"ရှိုင်း......... တော်ပြီ မခေါ်တော့ဘူး ပြော အခုဝယ်လာတာတွေ ဘယ်လောက်ကျလဲ အကုန်ပြန်ပေးမယ်"

နေရင်းထိုင်ရင်း ကောက်သွားသော ရောင်ငယ့်ကြောင့် ရှိုင်း မနေတတ်တော့ ခါတိုင်းဆို ရှိုင်းကပဲ ချေမိုးနေတာ ဘယ်သူ့ကိုမှလဲ အရေးမစိုက်တတ်
ရှိုင်းရှေ့ လာငိုပြရင်တောင် မသိချင်ယောင် ဆောင်သွားတတ်တဲ့ အမျိုး အခု ရောင်ငယ်နဲ့ကျတော့ သူချော့ရပေတော့မည်

ချစ်နေရုံသာ.... Onde histórias criam vida. Descubra agora