ချစ်နေရုံသာ.... (14)

954 75 14
                                    

ချစ်နေရုံသာ.... (14)

ဒီနေ့ သားလေးကို ခေါ်ကာ သားအဖနှစ်ယောက် ဘုရားသွားဖြစ်သည်
ဘုရားပေါ်မှာ ခိုစာကျွေး ခေါင်းလောင်းထိုး နဲ့ ပျော်နေတဲ့ သားလေးကို ကြည့်ပြီး သူ့ရင်ထဲ ကြည်နူးမိတာ အမှန်ပင်

" ပါးပါး.... ပါးပါး ဟိုမှာ daddy "

သားလေး လက်ညှိုးညွှန်ရာကို ကြည့်လိုက်တော့ တစ်ယောက်လက်ကို တစ်ယောက် တွဲပြီး ပြုံးရွှင်စွာနဲ့ ဘုရားပေါ် တက်လာတဲ့ ရှိုင်းနဲ့ ပန်းချီ

ဒီလို ဆိုတော့လည်း နှစ်ယောက်သားက လိုက်ဖက်လွန်းတယ်
မဆီမဆိုင် ပန်းချီ့နေရာ ကိုသာဆိုရင်လို့လည်း တွေးမိတော့
ကို့ကိုကို ရူးသွားပြီလားတောင် ထင်မိတယ်

မဖြစ်နိုင်တာကို တွေးပြီး ကို့ကိုကို ခံစားရအောင် လုပ်တတ်တဲ့ အထဲမှာတော့ ရောင်ငယ့်ကို ဘယ်သူမှ မီမယ်မထင်
ရောင်ငယ်ဆိုတာ ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ရှိုင်းနဲ့ ပက်သက်ပြီး စိတ်ကူးရင်မိခဲ့တာလေ

ပြန်တွေးကြည့်ရင် ကို့ကိုကို အရူးဆိုတာ သေချာသလောက်ပဲ
မမီတဲ့ ပန်းကို တုံးခုလို့ လှမ်းတယ်ပဲ ပြောရမလား
ကို့အတွက် မဖြစ်နိုင်တာကို တောင့်တမိတာတော့ အမှန်ပဲ

" daddy.... "

ရှိုင်းကို ခေါ်ကာ အပြေးလေးသွားတဲ့ သားကို တားချင်ပေမယ့် သားက ရှိုင်းရင်ခွင်ထဲကို ရောက်သွားနှင့်ပြီ

" တောင်းပန်ပါတယ် ကိုရှိုင်းဆတ်ပိုင် သားက သူ့daddy လို့ ခများကို အထင်မှားနေလို့ပါ..... သား ပါးပါးတို့ သွားအောင်နော် "

" ဟုတ် ပါးပါး.... "

သူလည်း ကြာကြာ မနေချင်တာနဲ့ သားကို ခေါ်ကာ ထွက်သွားဖို့သာ ပြင်လိုက်သည်
ကြာကြာနေလို့လည်း သူ့အတွက် ကောင်းတာ တစ်ခုမှ ရှိမလာနိုင်ဘူးလေ

သူ့အတွက် အဆိုးတွေတောင် ရှိလာနိုင်တယ်
ရှိုင်းသာ သားလေးနဲ့ စကားပြောကြရင်
သားလေးက သူ့သွားဆိုတာ ပေါ်သွားမှာ အနှေးနဲ့ အမြန်ပဲ
အဲ့တာဆို သားလေးနဲ့ သူ့ကို ခွဲဖို့ လုပ်မှာ သေချာတယ်
ဒီတော့ သားလေးနဲ့ ရှိုင်းကို နီးနီးကပ်ကပ် မထားတာက အကောင်းဆုံးပဲ

ချစ်နေရုံသာ.... Where stories live. Discover now