ရှိုင်းတစ်ယောက် ရောင်ငယ့်ကို လိုက်ရှာနေတာ တစ်ကျောင်းလုံးလည်း နှံ့နေပြီ ဘယ်မှာမှလဲ ရှာလို့မတွေ့
'ဘယ်တွေ သွားနေတာလဲ ရောင်ငယ်ရာ '
Phဆက်တော့လည်း စက်ပိတ်ထားသည်တဲ့ လူကို နည်းနည်းလေးမှ စိုးရိမ်ရအောင် မလုပ်ရရင် မနေနိုင်ဘူးလား မသိ
ပြောလို့သာ ပြောရတာ ရောင်ငယ် ဝမ်းနည်းသွားတာ မြင်လိုက်တယ် ကိုယ်မှားတာလဲ ကိုယ်သိပါတယ်
ဘာလို့ အော်လိုက်မိလဲကို ကိုယ့်ကိုယ်ကို မသိတော့တာ
တစ်ခါမှ ကိုယ့်ဆီက အအော်မခံရလို့လားတော့မသိ အခုနက ရောင်ငယ့်မျက်ဝန်းထဲ မျက်ရည်တွေ မြင်လိုက်ရတယ် တော်တော် ဝမ်းနည်းသွားရှာတဲ့ ပုံပဲဟူး ရောင်ငယ်ရာ မင်းဘယ်တွေ သွားနေတာလဲကွာ လာပါတော့ စိတ်ပူနေပြီ
ရောင်ငယ် အခုချိန်မှာ အရမ်းဝမ်းနည်း တာပဲ သိတယ်
ပုံမှန်ဆို ရှိုင်းက ရောင်ငယ့်ကို အော်ဖို့မပြောနဲ့ စိတ်ကောက်မှာတောင် ကြောက်တဲ့လူပါအခုတော့ ရောင်ငယ် မမှားတဲ့ ကိစ္စတစ်ခုအတွက် ရောင်ငယ်က အအော်ခံလိုက် ရတယ်တဲ့လား
အခုတလော ရှိုင်း ရောင်ငယ့်အပေါ် အေးစက်နေတာ ရှိုင်း အပြုအမူတွေက အရင်လို မဟုတ်တော့ဘူး
မနက်ပိုင်း ပုံမှန်အချိန် နှိုးပေးပေမယ့် ညဘက်ဆို သီချင်းဆိုပြဖို့ မေ့နေတတ်ပြီ
ကျောင်းသွားဖို့ အမြဲလာခေါ်ပေးပေမယ့် ကျောင်းမှာ ဂရုစိုက်ပေးဖို့လည်း မေ့နေတတ်ပြီ
ဖုန်းလည်း ဆက်ဖော်မရသလို ဖုန်းဆက်ရင်လည်း မအားဘူးပြောပြီး ချသွားတတ်ပြီ
အခုလည်း တစ်ခါမှ မအော်ဖူးတဲ့ လူက အခုတော့ မှန်နေပေမယ့်လည်း အော်နေပြီ
ရှိုင်းရဲ့ အခုပုံစံက ရောင်ငယ့်အတွက် စိမ်းသက်လွန်းတယ်
သ့းရဲ့ ဂရုစိုက်မှုတွေနဲ့ ကျင့်သားရနေတော့ လျစ်လျူရှုသွားတဲ့အခါ နာကျင်ရတယ်ရှိုင်းရဲ့ ဂရုစိုက်ပေးပု့တွေကို ပြန်စဉ်းစားရင်း ရောင်ငယ့်စိတ်က အတိတ်ကို ရောက်သွားတယ်