Part 1.2

435 27 0
                                    

[Unicode]
အခန်း (၄)

စိုင်းကြိမ်သာ မရှိခဲ့လျှင် သည်ကျောင်းဝန်းကြီးထဲ တာရာတစ်ယောက်တည်း ပျင်းနေတော့မည်ဟု တွေးမိတိုင်း တာရာ့ကို အဖက်လုပ် ပေါင်းသင်းပေးသော ‌စိုင်းကြိမ်ကိုပဲ ကျေးဇူးတင်နေမိသည်။

ထို့အတူ စာသင်ဆောင်က ဖရိုဖရဲ၊ အဖြူအစိမ်း ဖာရာပြဲရာ နှင့် တက်ခဲ့‌ရသော တောကျောင်းလေးကိုလည်း လွမ်းဆွတ်မိပါသည်။ သည်အချိန်ဆို တာရာတို့ စာသင်ခန်းနားက မိုးစပါး‌တွေပင် သန်ရော့မည်။ ကျောင်းဝန်းထဲက လက်ပံပွင့်ရဲရဲတို့ ရေရိပ်ကို နီစွေးစေတော့မည်။

စိုင်းကြိမ်အဖေက တက္ကသိုလ်နည်းပြ ဆရာတစ်ဦးဖြစ်ပြီး ကလောဇာတိဖြစ်သည်။

'အမေက ကင်ဆာနဲ့ ဆုံးသွားပြီ ငါ ငယ်ငယ်ကတည်းက'

တာရာသည် စိုင်းကြိမ်၏ သေသပ်သော လက်ရေးလက်သား၊ မှတ်စုများ၌ နေ့စွဲပုံမှန်တပ်သော အလေ့အထများကို အတုခိုးမိသည်။

မနက်ငါးနာရီထိုးထကာ ပုံမှန်စာကျက်သည် ဆိုပေမယ့် သင်္ချာဘာသာရပ်ကိုတော့ ကြောက်ရွံ့သည်ဟု ဆိုသည်။ ဂျီဩမေတြီ ပုစ္ဆာတစ်ပုဒ်ကြောင့် စာမေးပွဲခန်းတွင် ချွေးစေးများပြန်ကာ မူးမေ့လဲမလို ဖြစ်ဖူးကြောင်း ပြောပြတတ်သည်။

'ထောက်ချွန်ကို ကိုင်လိုက်တာနဲ့ ငါ့လက်တွေ တုန်လာရော။ ချော်ထွက်သွားလိုက် ဖျက်လိုက်နဲ့ ခဲဖျက်ရာတွေပွလို့။ ခဲဖျက်ဖျက်ရင်း အဖြေလွှာက ဗြိခနဲ ပြဲသွားရော။ ငါတော့ အဲ့မှာ ပြာထွက်သွားတာပဲ။ အဲ့အပုဒ်နဲ့တင် နာရီဝက်ကုန်သွားကော'

'မရရင် ဂဏန်းကိုင်တွေကို ဦးစားပေးတွက်ပေါ့ကွ အချိန်ကုန်တယ်' တာရာက အကြံပေးလျှင်
'ဖြေနေရင်းနဲ့ ခုနှစ်အလီ မရတော့ဘူး' ဟု ပြန်ပြောလေသည်။

'တာရာ ငါသိချင်နေတာ ကြာပြီ မေးလို့ရလား တစ်ခု'

'မေးလေ ဘာများလဲ'

'စိတ်တော့ မရှိပါနဲ့။ ငါ့ကို စပ်စုတယ်ထင်နေဦးမယ်'
စိုင်းကြိမ်က ထူးထူးဆန်းဆန်း စကားကိုပျိုးနေသည်။

'ပြောလေ ကွာ'

'တရက်က မင်းလွယ်အိတ်ထဲလေ စာလေးတစ်စောင် ထွက်ကျတော့ ငါ ဖတ်ကြည့်မိတယ် အဲ့ဒါ ရည်းစားစာထင်တယ်။ မင်း ဘယ်သူ့ကို ပေးမလို့လဲ'
တာရာ့ မျက်နှာများ နီသွားသည်။

You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]Where stories live. Discover now