Part 1.11

237 11 0
                                    

[Unicode]
မရင်မေ

ကာလသားတို့၏ လက်ခုပ်သံတ‌ဖြောင်းဖြောင်း ခရာသံတရွှီရွှီကို မရင်မေသည် မထီ‌သော အပြုံးလေးနှင့် တုံ့ပြန်လိုက်သည်။ ထို့နောက် သူရဲ့ နှင်းဆီရိပ်နှုတ်ခမ်းလေးကို ညုတုတုဟန် ဆင်လိုက်သည်။

ရပ်ကွက်ဥက္ကဌက ပန်းကုံးတက်စွပ်သည်။ သူရဲ့လက်ကို ပြီတီတီနဲ့ အရသာခံကိုင်သွားသည်ကိုလည်း နာခံသော အကြည့်လေးနှင့် ကြည့်ပေးရသည်။

သည်လိုနဲ့ သူတို့ 'ဇွဲမေတ္တာ' အငြိမ့်အဖွဲ့သည် တစ်ပွဲပြီး တစ်ပွဲ အောင်မြင်လာခဲ့သည်။

ဇာတ်ပိုင်ရှင် ဦးသိန်းဟန်ကတော့ ဆေးပေါ့လိပ်ကို ရှိုက်ကာ ပိုက်ဆံရေနေသည်။ ထို့နောက် မရင်မေ အိပ်နေသော ခြင်ထောင်ပါး‌လေးကို အသာလှပ်ကာ ဝင်လာသည်။

မရင်မေသည် စိတ်ပျက်လက်ပျက်ဖြင့် ဟိုဘက်လှည့်သည်ကို မရမက သူ့ဘက်လှည့်စေပြီး သူ့နှုတ်ခမ်းကြီးနဲ့ မရင်မေ့ရဲ့ ပါးကို ကြမ်းကြမ်းကြီး နမ်းသည်။
မရင်မေမှာ ငြင်းပိုင်ခွင့် မရှိ။ ဇာတ်ပိုင်ရှင် ကြည်ဖြူနေသည်ကိုပင် ကျေနပ်ရမည့် အနေအထား ဖြစ်သည်။

ဦးသိန်းဟန် ဇနီး မသောင်းစိန်က မရင်မေကို အပြစ်ချည်းရှာနေသည်။

ခေါင်းဖြီးလို့ ကြမ်းပြင်မှာ ဆံပင်ကျွတ်ကျ ကျန်နေခဲ့တာကအစ ဖေနဲ့ တုတ်ဆဲသည်။ တကယ်တော့ အခုတလော သူ့ယောင်္ကျားက မရင်မေ ခြင်ထောင်ဘက် အလာများနေ၍ မရင်မေကို ဖိမဲနေခြင်းဖြစ်သည်။ သူ့ယောင်္ကျားတော့ နိုင်အောင် မထိန်းနိုင်။

မရင်မေသည် မသောင်းစိန်ကို မလှန်နိုင်။ လှန်ခဲ့လျှင်လည်း မရင်မေကို အိမ်ဖော်ဘဝကနေ သူကယ်ထုတ်ခဲ့၍ သည်အခြေအနေ ရောက်လာရကြောင်းကို တွေ့သမျှလူကို အရသာခံပြောတတ်သည်။

လွန်ခဲ့‌သော ငါးနှစ်က မရင်မေ အဖွားဆုံးသည်။

တစ်ကောင်ကြွက်ဘဝမို့ ‌မြို့တက်ကာ အိမ်ဖော်လုပ်သည်။ အဲ့အိမ်က မသောင်းစိန်ရဲ့ အသိအိမ်မို့ ဝင်ထွက်ရင်း ရုပ်ရည်သမားကမားရှိသော မရင်မေကို မြင်ကာ ဇာတ်အဖွဲ့ထဲမှာ လိုရာသုံးဖို့ ခေါ်ထားမည်ဟု ဆိုကာ ဇာတ်ထဲရောက်လာရသည်။

You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]Where stories live. Discover now