[Unicode]
အခန်း (၂၃)လေးလေးကျော်နိုင်က တာရာ့ကို သရဝဏ်အိမ်ကြီးထဲမှာ တွေ့ရတာ အတော်ပင်ဝမ်းသာနေရှာသည်။
တာရာ့အတွက်လည်း ဖတ်စရာ စာအုပ်သစ်တွေ တကူးတက သယ်လာပေးသည်။ တာရာ နှစ်သက်သော တက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်များလည်း ပါ၍ ကျေနပ်သွားသည်။
လေးလေးက ငယ်စဉ်ကတည်းက တာရာကြိုက်တတ်သည့် ရုပ်ပြ၊ ကာတွန်း။ နည်းနည်းကြီးလာတော့ ဝတ္ထု၊ မဂ္ဂဇင်း ယူလာပေးတတ်ပြီး တာရာ့ကမ္ဘာကို ပိုမိုကျယ်ပြန့်စေခဲ့သည်။ လေးလေး ကိုယ်တိုင်ကလည်း စစ်တပ်ကထုတ်သော မြဝတီ၊ ငွေတာရီ စသည့် စာစောင်များမှာ လက်ရည်သွေးတတ်သည်။
အန်တီ တင်မမကို ဒေါ်ခင်မမရဲ့ ညီမမှန်း တာရာ မသိခဲ့ချေ။ ခုတော့လည်း ကမ္ဘာကြီးက ကျဉ်းသလိုပါပဲလား။
ဒေါ်တင်မမက တာရာ့ ပညာရေးကို အရေးစိုက်မေးသည်။ တာရာက တစ်တန်းလုံးမှာ ပထမဆိုတော့ ဒါပဲဖြစ်ရမယ်လေ ဟု လက်မထောင်ပြသည်။
ဒေါ်ခင်မမ က ဝင်ထောက်သည်။
'တို့က ရန်နိုင့်ကိုတော့ စာကို သင့်ရုံပဲ လုပ်ခိုင်းတာပဲ။ အချိန်တန် စီးပွားရေးဘက်ပဲ ဦးစီးရမှာဆိုတော့''ရန်နိုင် ဘာ ဝါသနာပါလဲ မေးပါဦးလား စီးပွားရေးပဲ လုပ်ခိုင်းမှာလား'
ဒေါ်တင်မမက တက္ကသိုလ်ဆရာမ ပီပီ ပညာလိုလားသည်။
'သား ဘာ ဝါသနာ ပါလဲ' ရန်နိုင့်ကို မေးရာ ရန်နိုင်က
'ဘောလုံးသမား'
ဒေါ်ခင်မမ က မျက်စောင်းထိုးသည်။
'အဲ့ဘောလုံးက နင့်ကို ထမင်းကျွေးပါလိမ့်မယ်'ရန်နိုင်က ပြန်ပြောရန် ပါးစပ်ပြင်တော့ တာရာက ပြန်မပြောနဲ့ဟု မျက်နှာရိပ်ပြလိုက်သည်။
တာရာသိပါသည်။ ရန်နိုင်သည် စံချိန်တင် ကလပ်ပြောင်းရွှေ့ကြေးများ၊ ဘောလုံးသမားများ၏ တစ်ပတ်လုပ်အားခ၊ ကြော်ငြာခများအားလုံးကို သူ့သူငယ်ချင်းများနှင့် မစားရ ဝခမမ်း ပြောတတ်သူ ၊ သူ နေတာ မြန်မာပြည်ဆိုတာ မေ့နေသူ ဖြစ်သည်။
'တာရာကကော ဘာလုပ်မှာလဲ'
'ဂီတသမား'
ဒေါ်ခင်မမရဲ့ မျက်နှာက ပို၍ပင် ရှုံမဲ့သွားသည်။
'ကြည့်တော့ တင်မမရေ....သည်ခေတ်ကလေးတွေက အနာဂတ်ကို ဘယ်တော့မှ ထည့်မစဉ်းစားဘူး'
VOCÊ ESTÁ LENDO
You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]
Ficção GeralTaya and his mother move to the Tharawon House after his father had passed away. The tradegy comes when he fall in love with his cousin.