Part 1.4

301 22 0
                                    

[Unicode]
အခန်း (၁၀)

ခင်မမသည် အိမ်အနောက်ဖက် ဝရံတာမှနေ၍ မရင်မေ စက်ချုပ်သည်ကို စူးစမ်းနေမိသည်။ အပ်ထည်ဆိုင်မှာ ငွေကုန်ခံ မအပ်ဘဲ ကိုယ့်ဘာသာချုပ်ဝတ်မည်ဟု ဆိုသည်။ ဝယ်လာသည့် အင်္ကျီစများမှာလည်း ခင်မမတို့ အသိုင်းအဝိုင်းက အင်္ကျီစလို့ပင် မသတ်မှတ်နိုင်သော နာမီနို၊ မာဘယ်လ်အထည်များဖြစ်သည်။

ခင်မမသည် မရင်မေက တကယ်ပဲ သူနဲ့ ခြေရာချင်းမတိုင်းတာလား၊ လိမ္မာရေးခြားရှိကြောင်း ပြတာလား ဟူသော ထင်မြင်ချက် နှစ်ခုကြားမှာ ဝေခွဲရခက်နေသည်။

ဒေါ်ငယ်တို့ကိုလည်း အထည်စရှိလျှင် ချုပ်ပေးနိုင်ကြောင်း စကားကမ်းသည်။ ဒေါ်ငယ်က ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက လက်ဆောင်ရထားသော ချည်ထည်လေးကို ချုပ်ခိုင်းကြည့်တာ အင်မတန် ပုံကျလှသည် ဆိုပဲ။
ဒေါ်ငယ်က အင်္ကျီသစ်တစ်ထည်ရလို့ ပျော်နေသည်။

ကြားရဖန်များတော့ ခင်မမပင် ဝတ်ချင်လျက်နှင့် ပုံမကျသော အင်္ကျီတစ်ချို့ကို ပြင်ခိုင်းရမလား စိတ်ကူးမိသည်။ သို့သော် ခင်မမ စိတ်ထဲ ပိုက်ဆံသိန်းချီကုန်မှ ပုံကောင်းရနိုင်သည်ဟူသော အစွဲလေးက ရှိသည်။

မရင်မေဆီ စိတ်ရောက်နေတာနဲ့ ဝတ်မရ၍ ပစ်ထားပြီးဖြစ်သော ပုလဲရောင် ပိုးသားကို ကိုယ်မှာ ပြန်ကပ်ကြည့်သည်။ လည်ဟိုက်လွန်းလှသည်။ ခါးနည်းနည်းရှည်သည်။

ခင်မမသည် မနေနိုင်တော့ဘဲ ထိုအင်္ကျီလေးကို မရင်မေဆီ ယူလာသည်။
'နင် ပြင်တတ်ရင် ပြင်စမ်းကြည့်ပါ'
မရင်မေက သေချာယူကြည့်သည်။

'ဟုတ် ကျမပြင်တတ်ပါတယ် မမ....ခု လုပ်ပေးမယ်နော်'
ချုပ်လက်စကို ရပ်ထားကာ ခင်မမကိုယ်ကို ပေကြိုးတိုင်းသည်။

'မမမှာ ဇာဖြူရှိလား၊ ဇာဖြူလေး ရင်ခံလိုက်ရင် ဝတ်လို့ရသွားမှာ'

သို့နှင့်ပင် မရင်မေကို အိပ်ခန်းထဲသို့ ခေါ်ပြီး အဝတ်ဗီရိုဖွင့်‌ပေးသည်။ စိတ်ကြိုက်ရှာဖွေရင်း ပုလဲရောင်ပိုးသားနှင့် လိုက်လျောညီသော ဇာဖြူပါးလျလျကို မရင်မေက ရွေးချယ်လိုက်သည်။

You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ