[Unicode]
အခန်း (၂၀)ဟေသီ့က ရန်နိုင့်ကို ပြီးခဲ့တဲ့ အပတ်က အဖြေပေးလိုက်သည်။ စာတိုလေး တစ်စောင်ကို ကျောင်းဆင်းခါနီး လာထည့်သည်။
'ရန်နိုင်.....ငါ အပြန်ပြန်အလှန်လှန် စဉ်းစားမိတယ်။ နင် ငါ့ကိုချစ်တယ်ဆိုတာ ငါမယုံဘူးလေ။ ငါ့ကို လိုက်စနေတယ်ပဲ ထင်တာ။ ဒါပေမယ့် ငါ အထပ်ထပ်စဉ်းစားကြည့်တော့ နင့်ဘဝမှာ မိန်းကလေးတစ်ယောက်ကြောင့် ရန်ဖြစ်တယ်ဆိုတာ ငါနဲ့မှ ပထမဆုံးဆိုတာ ငါ သိလိုက်ရတာပဲ။ အရင်လို နင့်စကားတွေကို ပြက်ချော်ချော် မယူဆတော့ဘူးလေဟာ။ ရန်ဖြစ်ပြီးနောက်ပိုင်း ငါ့နား လာမကပ်တော့ ငါ မျှော်မိတယ်ဟာ။ ငါလည်း နင့်လိုပဲ လွမ်းတတ်ပါပြီ။ ဟုတ်ပါတယ်။ ငါနင့်ကို ချစ်နေမိပြီ။ နင် တစ်ခုတော့ ကတိပေးပါ။ ငါ့ကို သစ္စာမပျက်ဖို့။ ကတိပေးနိုင်တယ် မဟုတ်လား။ ငါ့ကောင်လေး ဖြစ်သွားတဲ့ နင်က နင့်ကောင်မလေးငါ့ကို ဒီထက် ပိုချစ်ပေးပါနော်။'
ဟေသီနဲ့ ရန်နိုင် မသိမသာတွဲနေသည်ဆိုပေမယ့် တစ်တန်းလုံး ရိပ်မိပါသည်။ ဟေသီ အခုလို ရုတ်တရက်ကြီး အဖြေပြန်ပေးရတာ တာရာကြောင့် ဟု စဉ်းစားမိလျှင် ရန်နိုင် အူမြူးလာသည်။
ဘယ်နှယ့် ရှိစ။ မောင်ရင်။
ရန်နိုင်သည် အိမ်မကြီးဆီကနေ နွေစံအိမ်လေးဘက်သို့ ကြည့်နေမိသည်။ တာရာက ပန်းခင်းထဲမှာ ပန်းတစ်အိုးပျိုးနေသည်။
ဘာတဲ့။ အချစ်စိတ်ကြောင့် ကမ္ဘာပေါ်မှာ ပန်းပွင့်လေးတစ်ပွင့် တိုးလာတယ် တဲ့။
သည်ကောင် တော်တော်ရယ်စရာ ကောင်းတာပဲ။ လူကြည့်တော့ ရည်းစားတောင် ဖြစ်ဖြစ်မြောက်မြောက် ထားဖူးပုံ မပေါ်ဘဲ စကားကြီးစကားကျယ်တော့ တတ်တယ်လား။
သည်ကောင် ရယ်စရာကောင်းတာက ဒီတစ်ခုထဲမဟုတ်။ ဆရာမ စာသင်ပြီဆိုလျှင်လည်း မျက်ဝန်းကတောက်တောက်၊ နှုတ်ခမ်းက တင်းတင်းစေ့ပြီး ခေါင်းတညိတ်ညိတ် စာလိုက်နားထောင်နေပုံကကို ရယ်စရာကောင်းတာ။ ဒါကြောင့်လည်း ရန်နိုင်က စာသင်ချိန်တိုင်း တာရာ့ဘက် မျက်လုံးရောက်ရောက်နေတတ်တာ။
YOU ARE READING
You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]
General FictionTaya and his mother move to the Tharawon House after his father had passed away. The tradegy comes when he fall in love with his cousin.