Part 2.2

242 9 0
                                    

[Unicode]
အခန်း (၃၈)

'မောင် ဒီနေ့ ယူရီ့ ဆီမှာ fitting သွားချရမယ်နော်။ မေ့မနေနဲ့ဦး'

သည်မနက် နိုးနိုးချင်းမှာပင် ဝင့်ဝါဆီက မက်စေ့ချ် လေး တက်လာသည်။

'morneee bae ကိုယ်မမေ့ပါဘူး'

'morneeeeeeeeeee မောင်။ ညနေ သုံးနာရီ အိမ်လာခေါ်နော်'

'Ok CU'

စေ့စပ်ပွဲအတွက် ဒီဇိုင်နာဆီမှာ မင်္ဂလာဝတ်စုံ သွားအပ်ရမည်။

ရန်နိုင်သည် ရေချိူးခန်းထဲက မှန်မှာ သူ့ကိုယ်သူ ကြည့်ရင်း ဘာလိုလိုနဲ့ ငါတောင် အိမ်ထောင်ပြု ရတော့မယ်ဆိုပြီး တွေးမိကာ ရယ်ချင်သလို ဖြစ်သွားသည်။

တကယ်တော့ သူ့အသက် နှစ်ဆယ့်သုံးဆိုတာ အိမ်ထောင်ပြုရန် စောပါသေးသည်။ သို့သော် သူ့အဖေ ဦးလင်းမြတ်က နောက်မျိုးဆက်နှင့် အသက်အရမ်းကြီး မကွာစေချင်ဘူးဟု ဆိုကာ သူ့ကို မိန်းမယူ‌ဖို့ တိုက်တွန်းသည်။ အင်း...ယူရပါမည်။

တာရာမရှိတော့သော သည်လောကမှာ ဘယ်အရာကတော့ ပိုကောင်းသည်၊ ပိုဆိုးသည် ဆိုတာမရှိတော့။ တစ်နည်း မိဘကို စိတ်ချမ်းသာ စေမည်ဆိုပါက အိမ်ထောင်ပြုဖို့ သူ ဝန်မလေးတော့ချေ။

ဝင့်ဝါရဲ့ အဖေက သူတို့ သရဝဏ်လုပ်ငန်းရဲ့ စီးပွားရေး ပါတနာတစ်ဦးဖြစ်သည်။ ဝင့်ဝါကိုယ်တိုင်က Bar တစ်ခုကို သူကိုယ်တိုင် ဦးစီးနေတာဖြစ်သည်။

သူတို့နှစ်ယောက် စဆုံတာတော့ ပါတီတစ်ခုမှာပင်။ မထင်မှတ်ဘဲ အမေရိကားကို အတူ ခရီးသွားဖြစ်ကြသည်။

အပျော်ခရီးတော့ မဟုတ်။ နှစ်ယောက်လုံး ကိုယ့်စီးပွားရေးကိစ္စနဲ့ ကိုယ် ရှုပ်နေကြပြီး နောက်ဆုံးတစ်ရက်မှ အလည်အပတ်လုပ်ဖြစ်ကြတာပင်။ သူတို့ အဲ့ညမှာပဲ ပွင့်ပွင့်လင်းလင်း ချစ်သူတွေ ဖြစ်သွားကြသည်။

ဝင့်ဝါသည် သူတွဲဖူးသည့် အခြားမိန်းကလေးများလို သူမှသူ ကပ်နေတာမျိုး မဟုတ်။ ဝင့်ဝါက အလုပ်ချိန်နဲ့ ကိုယ်ပိုင်ချိန်ကို စည်းကမ်းတကျ ခွဲထားနိုင်သည်။ ရည်မှန်းချက် သိပ်ကြီးပြီး သူ့စိတ်သူ ပိုင်စိုးနိုင်သူ ဖြစ်သည်။ ချစ်သည့်အချိန်မှာလည်း ပြင်းပြင်းပြပြ ချစ်ဖို့ ဝန်မလေး။ သည်လိုနဲ့ အဖေရဲ့ တိုက်တွန်းချက် အပြင် သူကိုယ်တိုင်လည်း ဝင့်ဝါလို မိန်းကလေးမျိုးနှင့် ရေရှည်လက်တွဲလိုသောကြောင့် လက်ထပ်ဖို့ အထိဖြစ်လာတော့သည်။

You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]Where stories live. Discover now