[Unicode]
အခန်း (၁၃)
သီတင်းကျွတ်အခါသမယမို့ သရဝဏ်ခြံကြီးထဲတွင် မီးရှူးမီးပန်းများ တဖြောင်းဖြောင်း လွှတ်တင်နေသည်။
ဖိုးဖိုးကြီးပင် ခြံထဲဆင်းကာ သားအုပ်မြေးအုပ်တွေကြားမှာ ပြုံးပြုံးကြီး ပျော်နေရှာသည်။တာရာက ညရှစ်နာရီမှ အိမ်ပြန်ရောက်သူမို့ ကမန်းကတမ်း ရေမိုးချိုး၊ အဝတ်အစားလဲကာ ခြံထဲဆင်းလာသည်။ ဖိုးဖိုးကြီးက တာရာ့ကို လှမ်းခေါ်သည်။
ပြီးတော့ တာရာ့ လက်ကလေးဆုပ်ကာ
'ငါ့မြေး၊ ကျောင်းမှာ စာလိုက်နိုင်တယ်ကြားတယ်'
ဟုဆိုလေသည်။
ဦးခင်ဇော်က သတင်းပြန်ပို့သည် ထင်သည်။'ကြိုးစားငါ့မြေးရေ ကြိုးစား မင်းအဖေလည်း ငယ်ငယ်က စာသိပ်တော်တာ၊ ရီဂျင်နယ်မှာ လေ သွားလို့ ဒီကောင် ဆေးမှတ် မမီတာ၊ ဖိုးဖိုးကြီးက သူ့ကို ဆရာဝန်သိပ် ဖြစ်စေချင်တာ '
'ဟုတ်ကဲ့ ဖေဖေ ပြောပြဖူးပါတယ်'
ဖေဖေ့ကို လွမ်းမိ၍ ဖေဖေ့ကိုယ်စား ဖိုးဖိုးကြီးရဲ့ လက်ကလေးတွေကို ဆုပ်နယ်ပေးမိသည်။ဖိုးဖိုးကြီးက ဆုပေးသည်။
'အသက်ရှည်လို့ အနာမဲ့ပါစေ၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ၊ သူတော်မဟုတ် သူယုတ်နဲ့ လွဲပါစေ၊ အဓိကက ကျန်းမာရေးပဲ၊ ဟုတ်လား
ငါ့မြေး ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါမှ'ဖိုးဖိုးကြီးက သရဝဏ်မိသားစုကိုကော၊ ခြံထဲကအလုပ်သမားများကိုပါ သူ့အနားကို ဝိုင်းခိုင်းလိုက်သည်။
ထို့နောက် ခြံထဲက အလုပ်သမား တစ်ဦးချင်းစီရဲ့အခက်အခဲ၊ အကူအညီတောင်းစရာများကို မေးစမ်းသည်။ လိုအပ်တာကို ကူညီနိုင်ရန် ဦးခင်ဇော်ကို တာဝန်ပေး မှာကြားသည်။ထို့နောက် ဒေါ်ခင်မမ။
'ခင်မကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ အော်....လကုန်ရင် တင်မမတို့ လင်မယား အဖေ့ဆီ လာကန်တော့ပါဦးမယ်တဲ့''အေးအေး မတွေ့ရတာ ကြာပြီကွယ် ကျော်နိုင်ကြီးလည်း ရှေ့တန်းလိုက်သွားပြီး ကတည်း ပြန်လာတာ တစ်ခါမှ လာမတွေ့ဘူး။ (တာရာကိုကြည့်ကာ) ကျော်နိုင်ဆိုတာ လင်းစက် သူငယ်ချင်းအရင်းကြီးလေ၊ စစ်ဆရာဝန်ကွ'
BẠN ĐANG ĐỌC
You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]
Tiểu Thuyết ChungTaya and his mother move to the Tharawon House after his father had passed away. The tradegy comes when he fall in love with his cousin.