Part 1.9

249 14 0
                                    

[Unicode]
အခန်း (၂၆)

'တာရာ မင်းနဲ့ငါ ကြားမှာ ဘာအဖုအထစ်မှ မရှိဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် မင်းဟာ လူတစ်ယောက်ကြောင့် ငါ့အပေါ် ဆက်ဆံရေး ပြောင်းလဲသွားတာကိုတော့ ငါ မယုံနိုင်သေးပါ။ အနည်းဆုံးတော့ ငါတို့ကြားမှာ သူငယ်ချင်း သံယောဇဉ် လက်ကျန် ဆိုတာလေးတော့ ကျန်နေသေးသင့်တယ် မဟုတ်လား။ မနက်ဖြန်ဆိုရင် ငါတို့ အတန်းတင် စာမေးပွဲကြီး ဖြေပြီး‌တော့မယ်။ မင်းနဲ့ငါ အပြီးခွဲနေရတော့မှာ။ ဒါပေမယ့် ငါ မင်းကို ကြိုဆုံးရှုံးနှင့်ပြီးနေပြီ။ မနက်ဖြန် စာမေးပွဲပြီးရင် ‌ကျောင်းရဲ့ မျက်စောင်းထိုးက ဘုရားကျောင်းမှာ မင်းကို စောင့်နေမယ်။ မင်း အချစ်ကို မျှော်လင့်ဆဲ ဖြစ်ပေမယ့် အဖြေတော့ အတင်းမတောင်းပါဘူးကွာ။ ငါ မျှော်နေမယ်နော်'

ချစ်တဲ့.....စိုင်းကြိမ်

တာရာသည် သက်ပြင်းလေးချလိုက်သည်။

ရန်နိုင်က တာရာ့ မျက်နှာကို ခပ်စေ့စေ့ ကြည့်နေသည်။ သည်စာကို ဒီနေ့ကျောင်းအပြန်မှာ စိုင်းကြိမ်က တာရာ့လက်ထဲ လာထည့်ပေးခဲ့သည်ကို ရန်နိုင်မြင်သွားသည်။

တာရာက ကြိုးစားဖွက်လိုက်သော်လည်း လူလည်မို့ တာရာ့ကို တပတ်ရိုက်ပြီး စာက သူ့လက်ထဲရောက်သွားသည်။

စာထဲမှာ စိုင်းကြိမ်က တာရာ့ကို ချစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ရေးထားသည်။

ရန်နိုင်က သည်အကြောင်းကိုပဲ မေးမြန်းမဆုံးတော့ချေ။ ဘယ်တုန်းက ရည်းစားစကားပြောတာလဲ....မင်းကကော ကြိုက်လား....မေးခွန်းများစွာစီတန်းနေသည်။

တာရာသည် ဘာပဲဖြစ်ဖြစ် စိုင်းကြိမ်ကို သွားတွေ့ရပါမည်။ သူ့စာထဲမှာလည်း ပါသည်။ သူငယ်ချင်း သံယောဇဉ် လက်ကျန်တဲ့။ ထို စကားလုံးလေးကြောင့် တာရာ နွမ်းသွားသည်။

မနက်ဖြန် နောက်ဆုံး ဘာသာရပ်အဖြစ် ဘိုင်အို ဖြေရမည် ဖြစ်သောကြောင့် ရန်နိုင်နဲ့ တာရာ အတူတူ ကျက်နေကြသည်။
သို့သော် နှစ်ယောက်လုံး စာအပေါ် စိတ်မရောက်တော့ချေ။

'မင်းသွားတွေ့မှာလား'

'‌တွေ့ရမှာပေါ့ ဘာပဲဖြစ်ဖြစ် သူ့စာကို မင်းလည်း ဖတ်မိသားပဲ ငါ ထွေထွေထူးထူး အကြောင်းပြချက် ပေးစရာ မလိုဘူး'

You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]Where stories live. Discover now