[Unicode]
အခန်း (၇)ပြီးခဲ့သည့် လပတ်စာမေးပွဲနှစ်ခုလုံးတွင် ဂျီခန်းရဲ့ အဆင့်တစ်ဖြစ်သော တာရာသည် နှစ်ဝက်စာမေးပွဲ အတွက် အထူးလေ့ကျင့်ပေးခံရရန် အေခန်းသို့ ပြောင်းခွင့်ရသည်။
တာရာ မပျော်ပါ။ အမှတ်စုစုပေါင်းကို သင်္ချာနှင့် ဆွဲချခံခဲ့ရသော စိုင်းကြိမ်က ဂျီခန်းမှာပင် ကျန်နေခဲ့မည်။ ရှားရှားပါးပါး သူငယ်ချင်းလေး ရကာမှ ခွဲရမည်ဖြစ်သည့်အတွက် တာရာ အေခန်းကို မပြောင်းချင်ပါ။
ထို့အပြင် အေခန်းမှာ ရန်နိုင်ရှိနေသည် ဟူသော အသိက ပို၍ပင်အနှောင့်အယှက်ပေးသည်။
'ခုဆိုရင် အတန်းအသီးသီးကနေ အမှတ်ကောင်းလို့ အေခန်းပြောင်းလာရတဲ့ ကျောင်းသားတွေနဲ့ နဂို စာတော်လို့ အေခန်းနေရတဲ့ ကျောင်းသားတွေကြားမှာ ကောင်းသောယှဉ်ပြိုင်ခြင်း တစ်ခု ရှိစေချင်တယ်။ ခုလာမယ့် နှစ်ဝက် စာမေးပွဲမှာ အမှတ်အများဆုံး ကျောင်းသားက ကျောင်းသားသစ်ထဲကဆိုရင် မင်းတို့ အေခန်း တစ်ခန်းလုံး သူ့ကို congratulations လုပ်ရမယ်။ ကျောင်းသားသစ်တွေကလည်း ငါတို့လုပ်နိုင်တယ်ဆိုတာ ပြကြမယ်။ ကျောင်းသားဟောင်းတွေကလည်း အရှိန်မြှင့်ကြိုးစားကြမယ် ဟုတ်လား'
အတန်းပိုင်ဆရာမ ဒေါ်စိန်လှက အင်ပြည့်အားပြည့် စာသင်တတ်ပြီး ယှဉ်ပြိုင်ဖို့ရန် အမြဲတွန်းအားပေးတတ်သည်။
သူ့အတွက်က လူဆိုတာ ရပ်နေစရာအကြောင်းမရှိ။ မနေ့ကထက် ဒီနေ့ ပိုမလုပ်နိုင်ရင် အဲ့ဒါ ကိုယ်ညံ့နေသေးတာ ဟု အမြဲပြောတတ်သည်။တာရာသည် ဆရာမရဲ့ စကားများကြောင့် ပိုပို၍ ခွန်အားရလာသည်။
ထို့ကြောင့် နံရံကို ကြည့်၍ဖြစ်စေ၊ ခေါင်းမှောက်၍ ဖြစ်စေ ကျက်ထားပြီးသော စာများကို အပြန်ပြန်အလှန်လှန် တွေးတောရွတ်မှတ်နေတတ်သည်။
'ဟယ် နံရံမှာ ဘာရှိလို့ အဲ့လောက်စိုက်ကြည့်နေတာလဲ'
တာရာ့ကို သူသူနဲ့ ထွန်းဝေ ဆိုသော ကောင်လေးနှစ်ယောက်က လာမိတ်ဖွဲ့သည်။
တာရာက ပြုံးပြလိုက်သည်။တာရာ့မှာ မိတ်ဆွေသစ်နှစ်ယောက် တိုးလာသော်လည်း သူတို့နှစ်ယောက်ဆုံလျှင် စကားကို ကြွက်ကြွက်ညံအောင် ပြောတတ်သဖြင့် တာရာ စာကျက်ပျက်တာတော့ အမှန်။ သို့သော် တာရာလည်း အဖော်မက်တော့ သူတို့နှစ်ယောက်ကို မပယ်ရှားဝံ့။
ŞİMDİ OKUDUĞUN
You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]
Genel KurguTaya and his mother move to the Tharawon House after his father had passed away. The tradegy comes when he fall in love with his cousin.