Part 1.6

266 20 0
                                    

[Unicode]
အခန်း (၁၆)

'ရောက်လာပြီပဲ'

မမျှော်လင့်ပဲ ရန်နိုင့်ကို တွေ့လိုက်ရသည်။ ရန်နိုင် ဘာကြောင့် သည်နေရာကို ရောက်နေရပါသလဲ။ ပြီးတော့ သူ့ကြည့်ရတာ တာရာ့ကို စောင့်နေပုံပင်။တာရာ နေရာများ မှားလာတာလား။

တာရာသိသည်က သည်နေရာမှာ သူသူတို့ မွေးနေ့ကိတ်ခွဲကြမည်။ စာသင်ခန်းထဲမှာ မွေးနေ့ကိတ် မခွဲချင်ဘူး ဆို၍ ကျောင်းရဲ့ တစ်လမ်းကျော်က သည်အိမ်လေးကို လာခဲ့ဖို့ပြောသည်။

အိမ်က သစ်သားအိမ်ကလေး။ နံရံတွေပင် ဆွေးနေသည်။ လူမနေဘူးဟု သိရသည်။ မြေပေါ်မှာ ရွက်ဝါတွေ အဆုပ်လိုက် ကြွေကျထားသည်။

'ဘာလို့ နောက်ကျနေတာလဲ'
တာရာသည် စိတ်ရှုပ်စွာ လှည့်ထွက်မလို့ပြင်သည်။

'ပြန်တော့မလို့လား။ လက်ဆောင်လေး ယူသွားဦးလေ'
ရန်နိုင်က ပြုံးထေ့ထေ့ပြောသည်။

ဘာကြောင့်ပင်ဖြစ်စေ သည်နေရာမှာ ရန်နိုင်‌နဲ့ တွေ့ရတာ တာရာ့အဖို့ ကောင်းသော နိမိတ်တော့မဟုတ်။

'စ လိုက်ကြမလား'

ရန်နိုင်က လက်သီးပြင်လိုက်သည်။

တာရာလည်း ဟန့်ကိုယ့်ဖို့ ဆိုသလို အသင့်အနေအထား ပြင်လိုက်သည်။ တာရာသည် ဖေဖေသင်ပေးထား၍ လက်ဝှေ့ပညာကို အခြေခံလောက်တော့ ရသည်။ တာရာ့ထက် လူကောင်ပိုကြီးသော ရန်နိုင့်ကို ခုခံဖို့ မလုံလောက်သည် ဖြစ်စေ ထွက်ပြေးတာ ထက်တော့ တာရာ့အတွက် ပိုသိက္ခာရှိစေသည်။

ရန်နိုင်က တာရာ့ကို အလဲထိုးဖို့ ချက်ကောင်းရှာနေပုံရသည်။

တာရာ ခုခံခွင့်မရလိုက်။
ရန်နိုင်က တာရာ့မျက်နှာကို နှစ်ချက်ဆင့်ထိုးသည်။ နောက်ထပ် ထပ်လာသည့်လက်သီး တစ်လုံးကိုတော့ ရှောင်နိုင်လိုက်သည်။

ထို့နောက် သူ့ဝမ်းဗိုက်ကို တာရာ လက်သီးတစ်လုံး ပစ်သွင်းလိုက်နိုင်သည်။
သူ အသက်ရှုအောင့်သွားပုံပဲ။

ထို့နောက် တာရာ့လက်ကို ဖမ်းချုပ်လိုက်သည်။
တာရာလည်း အတင်းပြန်ရုန်းသည်။ ရုန်းရင်းနဲ့ နှစ်ယောက်သား လုံးထွေးသွားကြသည်။

You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]Where stories live. Discover now