Part 2.3

245 7 0
                                    


[Unicode]
အခန်း (၄၁)

တာရာတို့ အကုန်လုံး လက်ခုပ်တဖြောင်းဖြောင်း တီးလိုက်ကြသည်။ ဒါကတော့ သည်နေ့ တာရာတို့ Jericho Furniture TVC လေး အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ခဲ့သည့် ‌အားထုတ်မှုကို အချင်းချင်း အသိအမှတ်ပြု အားပေးလိုက်သည့် သဘောဖြစ်သည်။

ပစ္စည်းသိမ်းသူကသိမ်း စကားပြောသူကပြောနှင့် တာရာလည်း သူ့အဝတ်အစားတွေကို မန်နေဂျာက သိမ်းပေးနေသည်ကို ဝင်ကူ‌နေသည်။

ဟိုတယ်ဝန်ထမ်း တစ်ဦးက ရှုတင်မန်နေဂျာကို တစ်ခုခုလာပြောပုံ ရသည်။ ရှုတင်မန်နေဂျာက တာရာ့နားလာကာ

'တာရာ မင်းကို Jericho သူဌေးက တွေ့ချင်လို့တဲ့'

တာရာတို့ အလုပ်က သည်လိုပဲ တခါတရံ လုပ်ငန်းရှင်များက နှုတ်ဆက်မေးမြန်းတတ်သည်။
တာရာလည်း တာရာ့မန်နေဂျာကို ခဏစောင့်ခိုင်းကာ ဟိုတယ်ဝန်ထမ်းနောက် လိုက်သွားသည်။

သူက Private Dining Room တစ်ခုဆီ ဦးဆောင်ခေါ်သွားသည်။ ထို့နောက် အခန်းတံခါးကို ဖွင့်ပေးကာ တာရာ့ကို ဝင်စေသည်။

နက်ပြာရောင်Suit နှင့် လူတစ်ယောက်ကို တာရာ မြင်မြင်ချင်း ခြေခွင်လဲကျ မလို မိုက်ခနဲ ဖြစ်သွားသည်။

'ထိုင်ပါ တာရာ'

ရန်နိုင်က တာရာ့ကို သူ့မျက်နှာချင်းဆိုင်ခုံကို လက်ညှိုးထိုးပြသည်။

တာရာ ကြောင်အမ်းအမ်းဖြင့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ဟိုတယ်ဝန်ထမ်းကို တာရာ ဘာမှ မသုံး‌ဆောင်တော့ကြောင်း ပြောလိုက်တော့ ဦးညွှတ်ကာ အခန်းတံခါး ပြန်ပိတ်ပေးပြီး ထွက်သွားသည်။

'မတွေ့ရတာ အရမ်းကြာသွားပြီနော် တာရာ ငါ့ကို မှတ်မိသေးတယ်မလား'

တာရာ စကား တစ်ခုခုပြောဖို့ ခက်ခဲနေသေးသည်။ ထို့နောက် တာရာ့ပါးစပ်ထဲမှ သူ့ နာမည်ကိုသာ ရေရွတ်လိုက်မိသည်။

'ရန်နိုင်'

သူက ပြုံးကာ ခေါင်းညိတ်ပြသည်။

'ဟုတ်ပါတယ် ရန်နိုင်ပါ မင်းမှန်သွားပြီ တစ်မှတ်'
ရန်နိုင်က ပေါ့ပါးစေလို၍ စလိုက်သည်။

You are my star (ကြယ်မှုန်မြားတစ်စင်း) [Complete]Where stories live. Discover now