Episode (1)

4K 111 9
                                    

Zawgyi
//ရွှေအိုရောင် ရင်ခုန်သံ//

အပိုင်း(၁)

"ကောင်လေးး.. အကြွေမပါဘူးလား..''...

သူ့လက်ထဲကို စာရေးမလေး က
ပြန်ထည့်ပေးလာတဲ့ တထောင်တန်
လေးကို ကိုင်ပီး လင်းထက် တွေတွေလေး
ရပ်နေမိလိုက်တယ်။

"အကြွေ အရင်သွားဖျက်လိုက်ပါလား ကောင်လေး
အမတို့လဲ အများနဲ့အလုပ်လုပ်နေရတာဆိုတော့
ဒိလိုအချိန်က အကြွေတန်း ပေးမှ အဆင်ပြေမှာ..''..

"အာာ.. ကျွန်တော့ ဆီက လေးရာယူလိုက်ပါ
အမသူ့အစားရောပေါ့.. ''

အသံကြောင့် အနောက် လှည့်ကြည့်မိတော့
သူ့ထက် ခေါင်းတလုံးစာ လောက် မြင့်နေတဲ့
ရွှေအိုရောင်ဆံပင်တွေနဲ့ကောင်လေး တယောက်
အစိမ်းရောင်ဖျော့ဖျော့နဲ့ လက် တံတောင်ဆစ်ဖုံးတဲ့
ခပ်ပွပွရှပ်အကျီ င်္ကို ဂျင်းဘောင်းဘီအနက်နဲ့
ဖက်ရှင်ကျစွာ တွဲဝတ်ထားသည်။

လူစိမ်းတွေနဲ့ မပတ်သတ်ချင်တဲ့
ကျွန်တော့် အကျင့်ကြောင့်
တချက်လောက်တော့ မျက်နှာ ရှုံ့ မိလိုက်သည်။

သူ့ပုံစံကလဲ အရပ်လေးရှည်တာကလွဲရင်
ကလေးရုပ် မပျောက်သေးတာကိုတော့ ငြင်းမရ။

သို့ပေမယ့် ကိုယ်နဲ့မသိတဲ့သူစိမ်းတွေဆီကနေ
ဘာကျေးဇူးကြွေးမှ အတင်မခံချင်သလို
အကူအညီလဲ မလိုချင်ပါ ။

"ရပါတယ် ကျွန်တော့ ဘာသာ အကြွေသွားဖျက်ပီးမှ
ဖောင်ပြန်လာထုတ်မယ် အမ ဒီကခင်ဗျားလဲ
ကျွန်တော့အစား စိုက်ထားပေးစရာ
မလိုပါဘူး..''....

ပြောရင်း လှည့်ထွက် သွားဖို့ ပြင်နေတဲ့
ကျွန်တော့ပခုံးကို သူက ဖောင်ထုတ်တဲ့
ဘက်ပြန်လှည့်လိုက်တယ်။

ထို့နောက်မှစာရေးမကို ပိုက်ဆံလေးရာပေးလိုက်တော့
ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ဖောင်လေးက
လက်ထဲ အသင့်ပါလာပီလေ။

ပြီးတော့ လူကို ပိုင်စိုးပိုင်နင်းနဲ့ လူအုပ်ကြားထဲ
လက်ဆွဲခေါ်လာတဲ့သူ! !

အခုမှ စသိတာ ဖြစ်ပေမဲ့ သူ့လက်ဖဝါးကြီးတွေကြားမှာ
ကျွန်တော့ လက်ကလေး နစ်မြုပ်လို့
နေအပူရှိန်ကြောင့် ပဲလားတော့မသိ..။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Où les histoires vivent. Découvrez maintenant