70.7K 1.5K 51
                                    

အခန်း၁

ခြုံထားတဲ့စောင်လေးကို‌လက်နဲ့ဆွဲဆုပ်ထားရင်း သူမ ပျော်သွားသည်။
လူစိမ်းကရောက်လာပြန်ပါသည် ။

တစ် နှစ် သုံး ။စိတ်ကရည်တွက်ရင်း သူမမှန်းထားတဲ့အတိုင်းပင် လူစိမ်းက သူမအိပ်စက်နေသည်အထင်နဲ့ မျက်နှာအနားကိုလာကြည့်သည် ။
ပြီးတော့ အိပ်ယာဘေးမှာချထားတဲ့ခုံမှာထိုင်ပြီးအတန်ကြာနေနေလိမ့်မည် ။မပြန်ခင်အထိပေါ့ ။ စိတ်ထဲကအတိုင်းပင်လာထိုင်တော့ ‌ပြုံးမိတော့မဲ့နှုတ်ခမ်းတွေကိုအတင်းစေ့လိုက်ရသည် ။သူမအခန်းကအမြဲတမ်းမီးပိတ်ထားပေမဲ့လည်း လူစိမ်းကအမြင်စူးရှနေရင် ဘယ်လိုလုပ်မလဲ ။

ညစဉ်ရက်ဆက်ကြီးဘေးနားမှာထိုင်ပြီးဘာလာလုပ်တာလဲဆိုတာ သိတော့သိချင်မိသည် ။ဒါပေမဲ့လည်း ဘာလို့ရယ်မသိအမြဲတမ်းအိပ်ချင်ယောင်ဆောင်နေမိသည် ။အဲ့တာက ငယ်ငယ်တုန်းက တူတူပုန်းတိုင်းကကစားရသလိုခံစားရသည်မို့ပျော််ဖို့ကောင်းသည် ။အင်း အရမ်းငယ်ငယ်တုန်းက တခြားကလေးတွေနဲ့အတူတူကစားနိုင်တုန်းကပေ့ါ ။

နီးကပ်လာတာကိုခံစားမိတော့ သူမအသက်တောင်အောင့်ထားမိသည်။ အရမ်းကိုနီးနီးကပ်ကပ် ။အရင်က အဲ့လောက်ထိအနားကိုမလာဖူးပါဘူး ။ သူ ဘာလုပ်နေတာလဲ ။ ခြေလှမ်းတွေပြန်ဝေးကွာသွားတာကို ခံစားမိသည် ။သူပြန်တော့မယ် ။ဘာလို့ရယ်မသိ နည်းနည်းတော့၀မ်းနည်းသွားသည် ။

သူမတို့အိမ်ကို သူခိုးခဏခဏကပ်ဖူးပေမဲ့ ဒီတစ်ယောက်ကတော့ မတူ ။တစ်ခုခုကိုလိုချင်လို့ လာတဲ့ပုံမဟုတ် ။စစချင်းနေ့တုန်းက သူမလန့်နေမိတာကိုသတိ‌ရ‌မိသေးသည် ။သွားပြီ ။မိုးတွေရွာလာပြီ ။လူစိမ်းရဲ့ခြေသံက သူမဆီပြန်လာနေပြီ ။မိုးရွာလာတာကြောင့် သူပြန်လို့မရတော့လို့ ဖြစ်မည် ။မညာတမ်း၀န်ခံရရင်ပျော်သွားသည် ။တစ်ခါမှတောင်စကားမပြောဖူးတဲ့လူပေမဲ့ ဘာလို့အဲ့လောက်တောင်ရင်းနီးနေမိတာလဲ ။အဲ့တာကဆယ်ကျော်သက်တစ်ယောက်ရဲ့ စိတ်ကစားတာမျိုးဖြစ်မလား။

အချစ် ....အဲ့စကားလုံးကသူမကိုနွေးထွေးသွားစေပေမဲ့ သူမလိုလူမျိုးက ချစ်လို့မရဘူးမလား ။ဘယ်သူကရော ချစ်ပါ့မလဲ ။နေ့ရက်တိုင်းကို ဒီအခန်းထဲမှာပဲ အမှောင်ပိတ်ပြီး ဖြတ်သန်းနေရတဲ့ဘ၀မှာ ဘယ်သူနဲ့မှသိကျွမ်းခွင့်မရှိတဲ့ဘ၀က ချစ်နိုင်ပါ့မလား ။

COE (၁၉+)Where stories live. Discover now