၁၁

9.6K 592 6
                                    

အခန်း ၁၁

ဦးခေါင်းက နာကျင်မှုနဲ့အတူ လှဲကျတဲ့အခါ ဒေါ‌သတွေထောင်းကနဲ့ ထလာတယ် ။ အဲ့ဒီနာကျင်မှုကနေ မသေနိုင်ပေမဲ့ ဒီကောင်တွေက သူမရဲ့ အချိန်ဇယားကို နှောက်ယှက်နေတာ ဘယ်လောကိစိတ်တိုဖို့ကောင်းလဲ ။

မြေပြင်ပေါ်ကနေ ခပ်ဖြည်းဖြည်းထလာတဲ့ ကိုးလ်က လက်ထဲက ဖိနပ်အိတ်ကို ညစ်ပေသွားမှာစိုးရိမ်တဲ့အလား ပတ်ပတ်လည်ကိုဂရုတစိုက်ကြည့်တယ် ။ အဲ့ဒီနောက်မှာတော့ ဘေးမှာတွေ့တဲ့ အုတ်ခုံအပေါ်မှာ ဖွဖွလေးသွားတင်တယ် ။

ကိုးလ်ကို ရိုက်လိုက်တဲ့ ဝိညဉ်နှစ်ယောက်က အချင်းချင်းတီတိုးပြောနေရင်းနဲ့ ကြောက်ဒူးတုန်နေတယ် ။

ဖိနပ်အိတ်ကိုနေရာတကျထားပြီးတဲ့အခါ ကိုးလ်က ခန္ဓာကိုယ်ပေါ်မှာ အနည်းငယ်ပေကျံ ကုန်တဲ့ မြေကြီးနဲ့ ဖုန်မှုန့်တွေကို ခါထုတ်တယ် ။ ပြီးတော့ ဟိုဝိညဉ်နှစ်ယောက်ကိုစိုက်ကြည့်ရင်း လက်ယပ်ခေါ်တယ် ။

အနားကိုမလာဘဲ ထွက်ပြေးဖို့ကြံတဲ့ ထိုနှစ်ယောက်ဟာ ဝေးဝေးမရောက်ခင်မှာဘဲ ဆံပင်တွေကိုအနောက်ကနေ အားပြင်းပြင်းနဲ့စောင့်ဆွဲခံလိုက်ရတယ် ။ ထို့နောက် မျက်နှာတွေကိုဘေးမှာရှိတဲ့ အုတ်နရံနဲ့ ခပ်ပြင်းပြင်း စောင့်ခံရတယ် ။ တစ်ချက်.... နှစ်ချက် .... သုံးချက် အပြီးမှာ သူတို့က ကိုးလ်ရဲ့ခြေထောက်နားမှာ ပျော့ခွေကျသွားတယ် ။ အဲ့ဒီနောက်မှာ အေးအေးဆေးဆေး ခါးထောက်ပြီး ဆံပင်တွေကိုနောက်ပြန်သပ်နေတဲ့ ကိုးလ်ရဲ့ပုံစံက သူတို့အတွက်တော့ နတ်ဆိုးနဲ့ တွေ့ဆုံခန်း‌လိုပဲ ။

"မင်းတို့ကောင်တွေ ဘယ်ကလဲ ? "

ပထမမေးခွန်းကိုမဖြေတာကြောင့် ဒေါသထွက်သွားပုံရတဲ့ ကိုးလ်က ခွေကျနေတဲ့ သူတို့ကို စောင့်ကန်တယ် ။

"ဘယ်ကလဲလို့ မေးနေတယ်လေ ။ သေပြီးသားကောင်တွေက နာချင်ယောင်ဆောင်နေကြတယ် ။ ဘယ်ကထွက်ပြေးလာတာလဲလို့ !? "

"ငါ့အိမ်က ဒီအရှေ့ကအဝါရောင်နဲ့ အိမ်ပါ ။ ဒါပေမဲ့ငါအခုအိမ်ထဲကို ၀င်လို့မရတော့လို့ ။ ငါသေသွားတာငါသိပေမဲ့ အရင်နေ့တွေက သေချာပေါက်၀င်ထွက်လို့ရနေတာမို့လို့ ။ "

COE (၁၉+)Where stories live. Discover now