14.7K 811 30
                                    

အခန်း ၅

သူမဒီထက်ပိုပြီးတောင့်မခံနိုင်တော့ဘူးထင်တယ် ။ အဲ့တာကရင်ခုန်ဖို့ကောင်းလွန်းလို့ သူမနှလုံးသားတွေက အပြင်ကိုခုန်ထွက်လာတော့မလိုပဲ ။

ကိုးလ်က တကယ်ကြီးသူမကို အိပ်နေတယ်လို့ထင်နေတာမို့လို့ ရုတ်တရက်ကြီးနိုးနေတာလို့ အသိပေးလိုက်ရင် သူမတို့ကြားမှာ အခုအခြေအနေကြီးကကြောင်တောင်တောင်ကြီးဖြစ်သွားမှာမလား ။

၀င်သက်ကိုပင့်ရှိုက်လိုက်တိုင်း ကြားရတဲ့အသံပြင်းပြင်းရယ် ၊ ထွက်သက်ကိုရှူထုတ်လိုက်တိုင်း အရေပြားပေါ်မှာ လာထိခတ်နေတဲ့ အဲ့ဒီလေငွေ့‌နွေးနွေးတို့က သူမကိုရူးသွားအောင်သေချာအကွက်ချထားသလား ထင်ရသည် ။ တကယ်လည်း သူမက ရူးသွပ်စပြုလာနေပြီ ။ ဒါတောင် ကိုးလ်က သူမကိုထိတွေ့သေးတာမဟုတ်ဘူး ။

နဖူးမှာ ၊ မျက်ခွံတွေပေါ်မှာ ၊ ပါးပြင်တွေပေါ်မှာ ၊ နှုတ်ခမ်းအစပ်တွေနားမှာ ၊ နားရွက်ဖျားတွေရော ၊ လည်တိုင် လည်းမကျန် တစ်ခုချင်းစီ အနားကိုအသက်လာရှူနေတာကြီးက ဘယ်လိုအခြေ‌အနေကြီးလဲ ။

"မင်းက အဲ့လောက်လည်း မဟုတ်ပါဘူး...... ။"

တိုးညှင်းလှတဲ့ကိုးလ်ရဲ့ လေသံလေးက သူမနားမှာယှက်ပြေးသွားသည် ။ ကိုးလ်က အဲ့ဒီမှာရပ်မသွားဘူး ။ ဆက်ပြောနေတယ် ။

"အဲ့လောက်လည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါက အဲ့လောက်ထိ စွဲလမ်းနေတာလဲ ။ "

"ပြောရရင် ငါက မင်းရဲ့ စောင့်ရှောက်သူတောင် မဟုတ်ဘူး ...."

အဖြူ‌ရောင်က ကိုးလ်ရဲ့စကားသံတွေကို ပီပီသသကြီးကြားနေရပေမဲ့ အဓိပ္ပာယ်တွေကို နားလည်အောင်ကြိုးစားဖို့ထက် ကိုးလ်ဆီက ကိုယ်သင်းရနံ့ တချို့နဲ့ သူမအရည်ပြားဆီ လာထိခတ်နေတဲ့ လေငွေ့နွေးနွေး‌ တွေဆီမှာပဲ ‌ယစ်မူးစွာ ကူးခက်နေတယ် ။

စိတ်ဆုံးဖြတ်လိုက်ပုံရတဲ့ ကိုးလ်က ဖြူ့မျက်နှာနားကို ထပ်တိုးကပ်သွားတာနဲ့အတူ မျက်လုံးတွေလည်း မှိတ်ချလိုက်တယ် ။ သူမတို့ နှုတ်ခမ်းနှစ်လွှာက ထိကပ်လုနီးပါးပဲ ။

ချက်ချင်းဆိုသလိုပါပဲ ။ ကိုးလ်ကနောက်ပြန်ဆုတ်သွားတယ် ။ သူမက သက်ပြင်းတစ်ချက်ချပြီး ဖြူ့ဘေးမှာ တစောင်းလှဲနေရာက ပက်လက်လှန်ချလိုက်တယ် ။ အဖြူ‌ရောင် ကတော့ အနည်းငယ် စိတ်ပျက်သွားတဲ့ပုံပါပဲ ။ အသက်ကို ခပ်လေးလေး ရှူထုတ်တယ် ။

COE (၁၉+)Where stories live. Discover now