22.8K 1K 20
                                    

အခန်း ၂

ဒီဆယ်စုနှစ်တစ်ခုကျော်လုံးမှာ ဒီပတ်၀န်းကျင်ကိုနေ့တိုင်းဖြတ်သွားနေလျက်နဲ့ ဒီကောင်မလေးနဲ့ဘာကြောင့်အခုမှသိကျွမ်းခွင့်ရတာလဲ ။နောက်ကျလိုက်တာလို့တွေးရင်း ခဏခဏအားမလိုအားမရဖြစ်ရသည် ။မျက်ခုံးလေးတွေပင့်သွားတဲ့ပုံလိုမျိူး ရယ်မောတဲ့အခါပေါ်လာတဲ့ သွားသေးသေးလေးတွေလိုမျိုး အရာအားလုံးကိုဘယ်ကတည်းကစပြီး ဘယ်လိုလုပ်ပြီးခဏလေးနဲ့သဘောကျသွားတာလဲ ။မဟုတ်သေးဘူး ...အရမ်းသဘောကျရတဲ့တစ်ခုခုကိုမသိလိုက်ခင် ကျပျောက်သွားပြီးမှ အမှတ်မထင်ကိုယ့်ဆီပြန်ရောက်လာတာမျိူးနဲ့ပိုတူသည်။

တွေ့လိုက်တာနဲ့ချက်ချင်း ဒါပဲ ဒီတစ်ယောက်ပဲဆိုပြီး စိတ်ထဲမှာခေါင်းလောင်းတွေမြည်သွားသလို ။တစ်စုံတစ်ယောက်က လာပြောပြနေသလို ။ဒီကာလပတ်လုံးမှာ အဓိပ္ပာယ်မရှိ ဦးတည်ချက်မရှိ ဘာအတွက်တည်ရှိနေမှန်လည်းမသိ ။သူများခိုင်းတာလုပ်ရင်းနဲ့နေလာခဲ့ပြီးမှ အခုကျမှဒီအတွက်ရှင်သန်နေရပါလား ။ဒီလိုနေ့ကိုရောက်လာဖို့အတွက် ဒီကောင်မလေးနဲ့သိကျွမ်းရဖို့အတွက် ဒီအချိန်တွေမှာ ငါကဟိုဟိုဒီဒီလျှောက်လေလွှင့်နေခဲ့ရတာပါလားဟု တစ်ယောက်တည်းသဘောပေါက်‌ရင်း မှတ်ချက်တွေချနေမိသည် ။

"ဘယ်လိုဖြစ်လို့အရမ်းငြိမ်နေတာလဲ "

"မင်းကငါရောက်နေတာကို သိပြန်ပြီလား "

ကောင်မလေးက ခေါင်းတဆက်ဆက်ငြိမ့်သည် ။

"သိတာပေါ့ ကိုယ့်အခန်းထဲကို လူတစ်ယောက်ရောက်လာတာပဲ ။အရင်နေ့ကလည်းပြောပြီးပြီလေ သိတယ်လို့ ။ခင်ဗျားက၀င်လာပြီး ဒီတိုင်းကြီးရပ်နေလို့ ငြိမ်ငြိမ်လေး နေနေပေးနေတာ "

"အင်း "

"ဒါပေမဲ့ ခင်ဗျားယူလာတာလား အရမ်းမွှေးလို့မနေနိုင်တော့လို့ ဟီး "

ဇာတ်ကလေးပုကာသွားဖြဲပြပြီး ပြောမှပဲ လက်ထဲက၀ယ်လာတဲ့ အထုပ်ကိုသတိရတော့သည် ။

"အာ ဟုတ်တယ် ဒီဟာမင်းအတွက်"

လက်ထဲကအထုပ်ကိုကမ်းပေးတော့ အဖြူရောင်ကလှမ်းယူဖို့ ဟိုဟိုဒီဒီစမ်းနေတော့မှ အားနာသွားသည် ။

COE (၁၉+)Where stories live. Discover now