၁၀

11.2K 589 12
                                    

အခန်း ၁၀

"အဲ့ဒီအဖြူကောင်တွေ ကိစ္စနဲ့ ငါအပေါ်ကလူတွေနဲ့ ပြဿနာဖြစ်လို့ မရဘူးဆိုတာ မင်းလည်းကောင်းကောင်းသိတာပဲမလား ။ "

"အဲ့တာဆိုလည်း အခုဖြစ်ဖြစ် ရပ်အမလား ? အကုန်လုံးကို ဖွင့်ချလိုက်ပြီးတော့လေ ။ "

ဘလက်က ဒါအီရဲ့ ကော်လံစကို ဒေါသတကြီးလှန်းဆွဲတယ် ။ အဲ့ဒီအချင်းအရာကို သူမက ချောင်းကြည့်ဖို့ ၊ ခိုးနားထောင်ဖို့ တကယ်နည်းနည်းလေးတောင် ရည်ရွယ်ချက်မရှိခဲ့ဘူး ။ မနေ့ညက ပန်းရောင်က ထပ်ပြောလာတယ် ။ သဘောကျရတဲ့လူနဲ့ ထပ်တွေ့ဖြစ်တဲ့အကြောင်းကို ။ အဲ့တာကြောင့် သေချာပေါက် ဖန်ရုပ်လေးမှာ အစွန်းထင်းရှိမရှိ စစ်ဆေးကြည့်ရမှာမို့ ဒီနေရာကို လာခဲ့ရုံပဲ ။

"ငါအဲ့လို လုပ်လို့မရမှန်းသိလို့ မင်းက သက်သက်လူပါး၀နေတာပဲ ။ အဲ့ကောင်မကို မင်းက တရားလွန် အခွင့်အရေးပေးနေတာ ။ "

"အဲ့ဒီအတွက်လည်း ခင်ဗျားသူ့ဆီက တန်ရာတန်ကြေး ယူထားတာပဲမလား ? ပြီးတော့ အကုန်ရပ်လိုက်ဖို့က ခင်ဗျားလုပ်နိုင်ပါတယ် ။ အချိန်မရွေးပဲလေ ။ ခင်ဗျားပိုင်ဆိုင်ထားတာတွေနဲ့ဆို အပြစ်ဒဏ်ကလည်း လွတ်မှာပဲ ။ ထာ၀ရပဲ ရှင်သန်ဦးလား ၊ လူသားတွေရဲ့အကိုးကွယ်ခံအဖြစ်ပဲ နေမလား ။ အပေါ်က ရာထူးကြီးကြီးကို ရဖို့ ကြိုးစားမလား ၊ အကုန်လုံး ခင်ဗျားစိတ်ကြိုက်ပဲ‌လေ ။  "

"ငါမလုပ်နိင်ဘူး ၊ ငါလိုချင်တာ အဲ့တာတွေမဟုတ်မှန်း မင်းသေချာသိတာပဲ ။ "

"အဲ့တာဆိုလည်း တဆိတ်ရှိ ဒေါသလာ ကြီးမနေဘဲနဲ့ အဆင်ပြေပြေ နေရအောင်ပါ ။ ပြောရရင် ဒီအဖြစ်ပျက်တွေမှာ အကျိုးအမြတ်အများဆုံးရထားတာက ခင်ဗျားပဲကို ။ "

ဒါအီက ဘလက်ရဲ့ လက်တွေကို ဖြုတ်ချပြီးတော့ ဝေးရာကိုလျှောက်သွားတယ် ။ မှန်ကြည့်တယ် ကော်လံစကို ပုံစံကျအောင် ပြန်ပြင်တယ်။ 

ဒါအီတို့က တစ်ခုခုကြောင့် ပြဿနာကြီးကြီးမားမားရှိနေပုံပဲ ။ ပြီးတော့ အဲ့တာက သူမ မသိလည်းဖြစ်တဲ့အရာနဲ့တူပါတယ် ။ပြောရရင် သူမက ဒီတိုင်း သူများပေးစာကမ်းစာနဲ့ နေထိုင်နေရတဲ့ အဆင့်နိမ့်စောင့်ရှောက်သူ တစ်ယောက်ပဲလေ ။ ဒါအီတို့နဲ့တော့ ဘယ်တူမလဲ ။

COE (၁၉+)Where stories live. Discover now