အခန်း ၁၉
ခန်းစီးလိုက်ကာစ အဖြူရောင်တွေက အဲ့ဒီအမျိုးသမီးနဲ့အတူ လှလှပပ မျှော်လွှင့်နေတယ် ။ သူမရဲ့ရယ်သံတွေ နဲ့နွေးထွေးမှုတွေက ပတ်၀န်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားလို့ သက်တောင့်သက်သာရှိတဲ့ ခံစားချက်ကိုရတယ် ။
"ချစ်တယ် ။ "
ခပ်တိုးတိုးပြောတဲ့ အဲ့ဒီစကားသံနောက်မှာ ဘ၀တစ်ခုလုံးကယ်ဆယ်ခံလိုက်ရသလိုပဲ ။ သူမလက်ထဲမှာဆိုရင် ၊ သူမနဲ့သာဆိုရင် လုံခြုံတယ်ဆိုတဲ့အဲ့ဒီခံစားချက် ။
"မင်းကိုလည်းအရမ်းချစ်တယ် ။ "
သူများတွေပြောတဲ့ နိဗ္ဗာန်ဆိုတာ အဲ့ဒီအခိုက်အတန့်လောက် အဖိုးတန်ပါ့မလားဆိုပြီးတောင် ထင်ယောင်မှားမိတဲ့အထိ မိန်းမောနေမိတယ် ။
"ဘယ်လိုလဲ အဆင်သင့်ဖြစ်နေပြီလား ? "
အမေးနဲ့အတူ ပခုံးကိုဖြတ်ကနဲ့လာပုတ်တဲ့ မီယိုကြောင့် လန့်ဖြတ်ပြီးတော့ အတွေးတွေအကုန်အငွေ့ပျံသွားတယ် ။ ဒီလိုမျိုး အတိတ်တွေထဲမှာပဲ နေထိုင်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ ။
"အင်း ဖြစ်ပြီထင်တယ် ။ နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ် ။ ပန်းရောင်လည်း ပြန်၀င်စားပြီ မဟုတ်လား ?။ မရှာတော့ဘူးလား ? "
ကိုးလ်စကားကြောင့် မီယိုကပြုံးရင်းနဲ့ခေါင်းကို ခပ်လေးလေးရမ်းတယ် ။
"ငါ ပန်းရောင်ကို သူ့ဘ၀တစ်ခုလုံးစာ ချစ်ခဲ့တယ် ။ အဲ့လောက်ပဲ ကိုးလ် ၊ ငါနဲ့ပန်းရောင်က နင်တို့လိုမျိုး ဘ၀တွေနဲ့ချီပြီးနွယ်တဲ့ကြိုးမဟုတ်ဘူး ။ "
"အခုက စပြီးနွယ်ရင်ရတာပဲ ။ "
"ငါဒီဘ၀နဲ့ရှင်သန်နေတဲ့ကာလတွေမှာ ယောက်ျားလေး ၆ယောက် ၊ မိန်းကလေး ၂ယောက်နဲ့ ချစ်ကျွမ်း၀င်ခဲ့တယ် ။ အဲ့ဒီလူတွေကိုလည်း သူတို့ရဲ့နောက်ဆုံးထွက်သက်အထိချစ်ခဲ့တယ် ။ ပန်းရောင်က အဲ့ထဲကတစ်ယောက်ပဲ ။ ဘ၀နဲ့ချီပြီးမဆွဲထားချင်ဘူး ။ သူလည်းနောက်ဘ၀မှာနောက်တစ်ယောက်နဲ့ ၊ ငါ့ထက်ပိုကောင်းတဲ့လူနဲ့အတူတူ ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရမှာပေါ့ ။ ငါလည်းနောက်တော့ ချစ်ရမဲ့လူ ထပ်တွေ့ရင်လည်းတွေ့မှာပါ ။ "
YOU ARE READING
COE (၁၉+)
RomanceCOE : Rewrite the stars This love is worth , no matter what to give up . The story explained ! [Only read this when you are 19 or above ]