အခန်း ၁၆
မျက်လုံးတွေကိုဖွင့်လိုက်ပေမဲ့ စူးရှလွန်းတဲ့အခန်းမီးရောင်ကြောင့် ချက်ချင်းပြန်ဖိပိတ်လိုက်မိသည် ။ အခုအခြေအနေကို သူမအနေနဲ့ လုံး၀ လိုက်မှီနားလည်နိုင်စွမ်းမရှိဘူး ။
*စောင့်ရှောက်သူ ၊ စောင့်ရှောက်ခံ *
*ပန်းရောင်က ဒီတိုင်းလူသားသက်သက်ပဲ *
*အကုန်လုံးကအလိမ်အညာတွေ*
*တိမ်လွှာဖြူ ၊ သံစဉ် *
အဲ့ဒီအရာတွေကနားထဲမှာထပ်တလဲလဲကြားနေတယ် ။ အကုန်လုံးက ရှုပ်ထွေးနောက်ကျိနေတယ် ။ အကြောင်းအရာမယ်မယ်ရရ မသိလည်းဘဲ ဒီတိုင်းထွက်ပြေးချင်နေတယ် ။ ရေထဲခုန်ဆင်းပြီးဖြစ်ဖြစ် သေပစ်လိုက်ချင်နေတယ် ။
"ကိုးလ် နိုးလာပြီလား ? "
အနားကိုရောက်လာပြီး ကမ်းလာတဲ့ ဒါအီရဲ့လက်ကို ကိုးလ်ကခါးခါးသီးသီး ပုတ်ချတယ် ။
"ငါတောင်းပန်ပါတယ် ။ "
ကိုးလ်လှဲနေတဲ့ ကုတင်ခြေရင်းမှာ ခြေတုတ်ထိုင်လိုက်တဲ့ ဒါအီက အလွန်တရာအားနာ၀မ်းနည်းနေတဲ့ပုံပေါက်တယ်။ ကိုးလ်က အံကိုတင်းတင်းကြိတ်ထားတယ် ။ မျက်လုံးချင်းဆုံဖို့ကြိုးစားနေတဲ့ ဒါအီရဲ့အကြည့်တွေကို တတ်နိုင်သမျှရှောင်လွှဲနေတယ် ။
"ကိုးလ်ရာ ငါနဲ့စကားပြောပါဦး ။ ဒီကိစ္စတွေကို ငါရှင်းပြပေးပါမယ်ကွာ ။ "
"ဘာလို့လဲ? !"
အလုံပိတ်အခန်းထဲမှာကိုးလ်ရဲ့ အသံကဟိန်းထွက်သွားတယ် ။ ဒါအီက ယူကျုံးမရစွာနဲ့ဆံပင်တွေကိုသပ်နေတယ် ။
"ငါတောင်းပန်ပါတယ် ကိုးလ်ရာ ။ "
"ဘယ်လိုလုပ်ပြီး အဲ့လောက်နှစ်တွေအကြာကြီးလိမ်နိုင်ရတာလဲ? ငါကတော့ ...ငါထင်တာက .... ဒါအီနဲ့ ငါကတော့ ရင်းနှီးတယ်လို့။ ဒါအီကတော့ လူကောင်းလို့ ။ ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရက်တာလဲ ? ငါ့ကို နှစ်တွေအကြာကြီး ဘာမှမဟုတ်တဲ့ လူတစ်ယောက်နောက်ကို သက်သက် လိုက်ခိုင်းပြီးတော့ ။ "
"မသိခဲ့ဘူး ကိုးလ် ၊ ငါတကယ်မသိခဲ့ဘူး ။ စောင့်ရှောက်ရမဲ့လူက အဲ့ဒီအိမ်က သမီးဆိုတာပဲ ငါပြောပြခဲ့တယ် ။ ပြီးတော့ အဲ့ဒီလူကလွဲနေတယ် ဆိုတာကို ငါတို့သိတဲ့အချိန် အဲ့တစ်ယောက်က မျက်လုံးမမြင်ဘူးဆိုတာပါ သိလိုက်ရတယ် ။ သူ့ဘ၀က အဲ့ဒီအခန်းငယ်လေးထဲမှာပဲ တစ်သက်လုံးကုန်ဆုံးသွားမှာမို့လို့ အဲ့ဒီအတွက် .... ငါတို့ဒီတိုင်း ထားလိုက်တာ ။ အဲ့တာက အကုန်လုံးအတွက် ကောင်းမယ်လို့ထင်ခဲ့တာ ။အရင်ဘ၀က ပတ်သက်မှုတွေက ထပ်ဖြစ်လာပြီး သက်သက်ရှုပ်ထွေးကုန်မှာထက်စာရင် မသိတာပိုကောင်းတာမို့လို့ ။"
YOU ARE READING
COE (၁၉+)
RomanceCOE : Rewrite the stars This love is worth , no matter what to give up . The story explained ! [Only read this when you are 19 or above ]