13.5K 769 31
                                    

အခန်း ၇

"ကိုးလ် ဒီနေ့ စောလိုက်တာ....။  "

အဖြူရောင်က ကိုးလ်ရောက်လာတာကို သတိထားမိရုံလေး ဆိုတဲ့အချိန်တိုအတွင်းမှာပင် နှုတ်ခမ်းတွေကို ကိုးလ်ရဲ့ဖိပိတ်နမ်းရှိုက်ခြင်းကို ခံလိုက်ရသည် ။

ကိုးလ်ရဲ့လက်တွေက အဖြူရောင်ရဲ့ လည်တိုင်နားမှာ ခပ်ကြမ်းကြမ်းနေရာယူထားတာမို့ ခဏအတွင်းမှာအဖြူရောင့်ရဲ့ လည်ပင်းအသားရည်တွေက နီရဲစပြု‌လာသည် ။

ကိုးလ်ကတော့ အလွတ်ပေးဖို့ အစီစဉ်ရှိပုံမရပေ ။ မနက်ဖြန်မရှိတော့သလို နက်နက်ရှိုင်းရှိုင်း ထိုအနမ်းထဲမှာ နှစ်မျောနေသည် ။

သူမရဲ့နှုတ်ခမ်းတွေက အဲ့ဒီငတ်မွတ်ဖွယ် အနမ်းတွေကို မခံစားနိုင်တော့လောက်အောင် ‌ထုံနေပြီ ။ လူချင်းခွာလိုက်ဖို့ အဲ့ဒီအနမ်းကို ရပ်လိုက်ဖို့ တစ်ချက်တစ်ချက် အားထုတ်ပေမဲ့ အဲ့တာက အချည်းနှီးပဲ ။ ကိုးလ်က သူမကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ် ။

သူမနောက်တစ်ခေါက် ပိုအားစိုက်ပြီး ကိုးလ်ရဲ့ ရင်ဘတ်ကိုတွန်းဖို့လုပ်လိုက်ပေမဲ့ အဲ့တာက ပိုဆိုးသွားတယ် ။ ကိုးလ်ရဲ့လက်တွေက ခါးဆီကိုရောက်သွားပြီးတော့ သူမကိုအားနဲ့ ဆွဲကပ်ထားတယ် ။ တစ်ချိန်တည်းမှာပဲ အခန်းနံရံဆီကို ကြမ်းကြမ်းတမ်းတမ်း ဆွဲကပ်ခံလိုက်ရတော့ သူမရဲ့ဦးခေါင်းအနောက်မှာ အရမ်းထူပူသွားတယ် ။ နှုတ်ခမ်းတွေထုံနေတယ် ။ လည်ပင်းတွေနာတယ် ။ ဒူးတွေကလည်းမခိုင်တော့ဘဲ ယိုင်နဲ့ကျချင်နေတယ် ။

အဲ့လိုအခြေနေထိဖြစ်နေတာတောင်မှ သူမနဲ့ခန္ဓာကိုယ်ချင်းထိတွေ့နေတာက ကိုးလ်ဆိုတာ သေချာနေတာမို့လို့ ကြောက်စိတ်က၀င်မလာခဲ့ဘူး ။ ရွံမှုန်းတာမျိုးဖြစ်မသွားဘူး ။ အချိန်ခဏလောက်လေးပဲ အသက်ရှူဖို့ခွင့်တောင်းချင်ရုံပဲ ဖြစ်ပြီးတော့ ကိုးလ်က ဒီအခြေအနေကို သဘောကျရင် သူမက ပါ၀င်စီးမျှောလိုက်ဖို့ အသင့်ဖြစ်နေခဲ့တယ် ။

အသက်ရှူမ၀တာ‌ကိုလည်း မသိတော့ဘူး ။ နာကျင်နေတာတွေကိုလည်း လျစ်လျှူရှုလိုက်တယ် ။ သူမက ကိုးလ်ကိုထပ်ပြီး တွန်းထုတ်ဖို့မလုပ်တော့ဘူး လို့ ဆုံးဖြတ်လိုက်ပြီး ခဏအကြာ အောက်ဆီဂျင်နဲ့ ပြန်ပြီး ထိတွေ့ခွင့်ရခဲ့တယ် ။ ကိုးလ်ကလည်း မောဟိုက်နေပုံနဲ့ သူမ ပခုံးပေါ်မှာ ‌ခေါင်းတင်ပြီး အသက်ကို ခပ်ပြင်းပြင်းလုရှူနေတယ် ။

COE (၁၉+)Où les histoires vivent. Découvrez maintenant