အခန်း ၉
"အဲ့တာဆိုရင် ခင်ဗျားက တာ၀န်ပျက်ကွက်လိုက်ပေမဲ့လည်း အပြစ်ပေးခံရဖို့က ရှိမနေဘူးပေါ့ အဲ့လိုလား ? ။ "
"အင်း အဲ့တာက တော်တော်ထူးထူးဆန်းဆန်းပဲ ဟုတ်တယ်မလား ?"
"အေးလေ ကျောင်းလစ်လိုက်ပေမဲ့အတန်းတက် လက်မှတ်ရသွားသလိုမျိုးပေါ့ ။ "
"အင်း အဲ့လိုပုံစံတောင် ခပ်ဆင်ဆင်ပဲလို့ ပြောရမလားပဲ ။ ဒါပေမဲ့ ကိုယ့်ကို အတန်းတက်လက်မှတ်ခိုးထိုးပေးမဲ့လူလည်း မရှိတဲ့အပြင် အဲ့ဒီ ကိုယ်စောင့်ရှောက်ပေးရတဲ့လူကလည်း အဲ့ဒီကိစ္စကို လိမ်စရာ အကြောင်းမရှိဘူးလို့ ထင်တာပဲကွာ ။ မသိတော့ဘူး ရှုပ်ထွေးလိုက်တာ ။"
"အရမ်း စိတ်မရှုပ်ပါနဲ့ ။ အခုဟာက အပြစ်ခံရမှာထက် စာရင် အများကြီးတော်သေးတာပေါ့ မဟုတ်ဘူးလား ။ "
"ဟုတ်တော့လည်း ဟုတ်ပါတယ် ။ ဒါပေမဲ့လည်းကွာ တစ်မျိုးကြီးပဲ ။ မသိတော့ဘူး ။"
"အဲ့တာဆို ခင်ဗျား က ဘယ်လိုဆက်လုပ်မှာလဲ ? အဲ့တစ်ယောက်ကို လိမ်နေတာလားလို့ သွားမေးမှာလား ? "
"မသိဘူး ။ မသွားချင်ဘူး မင်းနားမှာပဲ နေချင်တယ် ။ "
ကိုးလ်က အဖြူရောင့်ရဲ့ ကိုယ်လုံးလေးကိုဆွဲယူပွေ့ဖက်ရင်းနဲ့ တိုးတိုးလေး ပြောတယ် ။ အဖြူရောင်ကတော့ ကိုးလ်ရဲ့ ဆံနွယ်တွေကို ဖွဖွလေးထိသပ်နေတယ် ။ အဲ့ဒီအပြုမူကြောင့် ကိုးလ်က မကြာခင် အိပ်မောကျသွားတော့မလိုပါပဲ ။
ကိုးလ် မျက်လုံးတွေကို မှိတ်ထားရင်းနဲ့ပဲ အဖြူရောင်ရဲ့ ပခုံးအစပ်လို နေရာမျိုးတွေ လည်တိုင်လိုနေရာမျိုးတွေကို မှီသမျှ လိုက်နမ်းနေတော့ အဖြူရောင်က ယားတယ်လို့အော်ရင်းနဲ့ ရယ်နေတယ် ။
"ဖြူ ကိုယ့်ကိုချစ်လား ? "
"အင်း ချစ်တယ် ။ "
ကိုးလ်ရဲ့အဲ့ဒီအမေးစကားကို နားရွက်ဖျားနားလေး ကပ်ပြီးတော့ ဖြေတဲ့ ဖြူကြောင့် ကိုးလ်က အသည်းယားစွာနဲ့ ဖြူ့ရဲ့ နှုတ်ခမ်းတွေကို စုတ်ယူနမ်းပြန်တယ်လေ ။
ကုတ်တွယ်ဖက်ထားတဲ့ အဲ့ဒီနှုတ်ခမ်းနှစ်စုံက တစ်စထက်တစ်စက ပိုမိုတင်းကျပ်လာခဲ့တယ် ။ ကိုးလ်ရဲ့ လက်တွေက အဖြူရောင်မသိလိုက်ခင်မှာပဲ သူမရဲ့တီရှပ်ထဲကိုရောက်နေခဲ့ပြီ ။
YOU ARE READING
COE (၁၉+)
RomanceCOE : Rewrite the stars This love is worth , no matter what to give up . The story explained ! [Only read this when you are 19 or above ]