17.5K 892 39
                                    

အခန်း ၃

အခန်းထဲကိုလွန်လွန်ကြူးကြူး၀င်ရောက်လာတဲ့ နေရောင်ခြည်စူးစူးက မျက်နှာကိုအလိုက်မသိလာထိုးနေချိန်တွင် သူမနိုးလာသည် ။နေမင်းကြီးကိုစိတ်ထဲကကျိန်ဆဲရင်း မျက်လုံးတွေကိုပွတ်နေမိပြီး လက်ချောင်းတွေနဲ့ဖြူ့မျက်နှာနုနုပေါ်ဖြာကျနေတဲ့နေရောင်တွေကိုတားဆီးပိတ်ကာပြီးမှ ချက်ချင်းဆိုသလိုလက်ကိုရုတ်လိုက်သည် ။ကိုယ့်ကိုကိုယ်လည်းရယ်ချင်သွားသည်။ နေရောင်ဘယ်လောက်စူးစူးဖြူကမှမမြင်နိုင်ဘဲနဲ့လေ ။

နာရီကြည့်ပြီးမှ သူမကမျက်လုံးပြူးသွားသည်။ မနက်ကိုးနာရီတောင်ကျော်နေပြီ။ဖြတ်သန်းလာတဲ့သက်တမ်းတလျှောက်လုံးမှာ အခုလိုမျိုးပြည့်ပြည့်၀၀အိပ်ရတာ ဒါပထမဆုံးအခေါက်ဖြစ်မည် ။အမြဲလိုလို ရာသီဥတုဘယ်လောက်အေးအေး ချွေးတွေရွှဲနှစ်ပြီး မောဟိုက်စွာနိုးလာတတ်တာမို့ ညဘက်တွေမှာသိပ်ပြီးတောင်မအိပ်ဖြစ် ။

အိပ်ရာနိုးနိုးချင်း‌ဖျော့ဖျော့လေးလှဲနေတဲ့ဘေးနားကအဖြူရောင့်ကိုမြင်ရတော့ ဖော်မပြတတ်လောက်အောင်ထိကိုအများကြီးသဘောကျမိပြန်ပြီ ။

ခပ်ရှုပ်ရှုပ်ဆံနွယ်အနက်ရောင်တွေက မျက်နှာတစ်ခုလုံးကိုဖုံးအုပ်တော့မတတ်မို့ဖွဖွလေးဖယ်ပေးနေမိသည် ။ဒီလိုအလင်းရောင်အောက်မှာတစ်ခါမှအတူတူမရှိဖူးတာမို့အစိတ်ပိုင်းတစ်ခုချင်းဆီကို စူးစမ်းချင်သေးသည် ။

ပထမဆုံးသတိထားလိုက်မိသည်က အလွန်ဖြူစွတ်နေသည့်အသားအရည်ကိုဖြစ်သည်။Albino ရောဂါသည်တွေလိုမျိုး အလွန်အမင်းဖျော့တော့နေတဲ့ဖြူရဲ့အသားရည်က ကျန်းမာမနေဘူး ။ဒါပေမဲ့လည်း သဘောကျချင်စရာကောင်းနေတုန်းပဲ ။နှုတ်ခမ်းတွေရယ်လက်ချောင်းတိုတိုသေးသေးလေးတွေရဲ့ အဆက်နေရာဖြစ်တဲ့အဆစ်လေးတွေရယ်က သိသိသာသာညိုနေလေရဲ့ ။ခြေချောင်းလေးတွေရဲ့အဆစ်နေရာတွေကလည်းထိုနည်းလည်းကောင်းဖြစ်‌နေပုံအရတော့ ဒီကောင်မလေးကပေပေတေတေနဲ့ ရေလည်းကောင်းကောင်းသောက်ပုံမရဘူးပဲ။ အခန်းထဲမှာပဲထိုင်နေတာများလို့ဖြစ်မည် ခြေဖဝါးနဲ့ခြေမျက်စိတို့က အညိုဘက်သမ်းချင်နေသည် ။ဖြူကတကယ် ဂရုစိုက်ပေးမဲ့တစ်ယောက်ယောက်တော့လိုနေပါပြီ ။ အဲ့တာကလည်းသေချာပေါက်သူမပဲဖြစ်ချင်တယ် ။

COE (၁၉+)Where stories live. Discover now