အခန်း ၁၂
"ဘာဖြစ်...... "
ရုတ်တရက်လမ်းဘေးဓာတ်တိုင်နားကို ဆွဲချပုန်းကွယ်နေတဲ့ ကိုးလ်ရဲ့အပြုမူကို နားမလည်နိုင်စွာ မေးဖို့လုပ်တော့ ကိုးလ်က သူမရဲ့နှုတ်ခမ်းတွေကို ထိကပ်နမ်းလေရဲ့ ။
အဲ့ဒီအခိုက်အတန့်မှာ ကိုးလ်ရဲ့ နှုတ်ခမ်းပါးဆီက နူးညံ့မှုကိုမသိတော့ဘဲ ချက်ချင်းကြီးရင်ထဲက လှိုက်ပြီး၀မ်းနည်းလာသည် ။ ကိုးလ်က အသိတစ်ယောက်ယောက် ဒါမှမဟုတ် ပိုပြီးဖြစ်နိုင်တာက အပြင်လောကမှာ ကိုးလ်သဘောကျတဲ့သူကို တွေ့လိုက်လို့ပုန်းကွယ်နေတာဖြစ်မည် ။
ကိုးလ်က သူမကို လူသိမခံနိုင်ဘူးဆိုတဲ့စိတ်တွေ ၊ သူမက ကိုးလ်အနေနဲ့ဆိုရင် ဒီတိုင်း ခဏစိတ်ကစားတဲ့ ၊ မျက်လုံးမမြင်တဲ့ သနားစရာ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ခဲ့ဟန်တူပါရဲ့ ဆိုတဲ့အတွေးတွေနဲ့ မွန်းကျပ်လာသည် ။ အဲ့နေရာကနေ အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်မိတယ် ။
ဘယ်လိုပဲ လက်သီးတင်းတင်းဆုပ် ၊အသက်ရှုသွင်းပြီး အောင့်ထားရတဲ့အထိ စိတ်ကိုတင်းထားလည်း ခန္ဓာကိုယ်က သစ္စာဖောက်သည် ။ ကြိုးစားပြီးမတ်မတ်ရပ်ထားပေမဲ့ ခြေအစုံက ယိုင်နှဲ့ချင်နေသလို မျက်ရည်တွေပြည့်လျှံလာတာကိုလည်း ခံစားမိနေသည် ။
"ဟေး-ဟေး ဘာဖြစ်တာလဲ ?"
အဖြူရောင်ရဲ့မျက်ရည်တွေကို ခံစားမိသွားတဲ့ ကိုးလ်က ပျာပျာသလဲ လက်ချောင်းတွေနဲ့ ပွတ်သပ်ဖယ်ရှားတယ် ။ ထိုကောင်မလေးကို ရင်ခွင်ထဲဖက်ထားတယ် ၊အဆင်ပြေပါတယ် ဆိုတဲ့သဘောနဲ့ ဆံနွယ်တွေကိုဖွဖွပွတ်ပေးတယ် ၊ နဖူးပြင်ကိုဖွဖွနမ်းတယ် ။အကြောင်းရင်းကို မသိရသေးလည်း ငိုတာရပ်သွားဖို့ တတ်နိုင်သမျှ အကုန်လုပ်တယ် ။ အဖြူရောင်က အငိုရပ်မသွားဘူး ။ အချော့မြူခံရတဲ့ ကလေးလိုမျိုး တအင့်အင့်နဲ့ ပိုတိုးပြီး ငိုနေတယ် ။
"ဟေး ဖြူ ၊ ပျိုးခက်ဖြူရေ အဲ့လိုကြီးငိုမနေဘဲနဲ့ တစ်ခုခုပြောပါကွာ ဘာဖြစ်လို့လဲ-ဟင် ။ ဘာဖြစ်တာလဲတော့ပြောပါကွာ ။ အဲ့ဒါမှ ကိုယ်ဘာလုပ်ပေးရမလဲ သိမှာပေါ့ ။ "
YOU ARE READING
COE (၁၉+)
RomanceCOE : Rewrite the stars This love is worth , no matter what to give up . The story explained ! [Only read this when you are 19 or above ]