15.2K 772 20
                                    

အခန်း ၆

ကိုးလ်ရဲ့အေးစက်နေတဲ့လက်ဖျားတွေက သူမရဲ့ခါးသိပ်သိပ်လေးပေါ်ကိုရောက်လာတဲ့အခါ ကြက်သီးထသွားတာကို ခံစားမိပေမဲ့ အဲ့တာကို သူမက သဘောကျတယ် ။ ကိုးလ်ရဲ့လက်ဖျားတွေက အဲ့မှာပဲမရပ်သွားဘူး ။ သူမရဲ့အရည်ပြားကိုပွတ်သပ်ဆွဲဆုပ်‌နေတယ် ။ သူမရဲ့ ချပ်လေးကို လက်ချောင်းနဲ့ရစ်ပတ်ပြီး ထိုးထိကစားတဲ့အခါ အဖြူရောင်ကသူမရဲ့ ခန္ဓာကိုယ်လေး တချက်တချက် တုန်သွားလောက်အောင်ထိကို ရင်ဖိုနေတယ် ။

"ကိုယ်မင်းအပေါ်ကောင်းပါ့မယ်....။"

စကားသံနဲ့အတူ သူမရဲ့လက်ချောင်းတွေပေါ်ရောက်လာတဲ့ ခပ်နွေးနွေးလက်ဖဝါးတွေကြောင့် အတွေးကမ္ဘာထဲကနေ လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့ အဖြူရောင်က ချက်ချင်းလက်ကိုရုတ်လိုက်တာကြောင့် ဘေးနားရှိလူရွယ်က အနည်းငယ် နေရခက်သွားသည် ။

"ဆောရီး  ...။  "

"ကိုမျိုးမင်းထက်က ....။"

ခပ်တောင့်တောင့်ထွက်လာတဲ့ အဖြူရောင့်ရဲ့အသံကို လူရွယ်က သဘောကျသလို ထရယ်တော့ ရှုပ်ထွေးသွားပုံရတဲ့ အဖြူရောင်က မျက်မှောင်‌ကျုံ့သွားပြီး သူမရဲ့စကားထဲမှာ ဘာရယ်စရာပါလဲဆိုတာကို စဉ်းစားနေသည် ။

"ဘယ်လိုကြီးခေါ်လိုက်တာလဲကွာ ။အဲ့တာတောင်မှလေ ပျိုးလေးက ငယ်ငယ်တုန်းကလိုပဲ ဘာလုပ်လုပ်ချစ်ဖို့ကောင်းတုန်းပဲ ။ မျိုးမင်းထက် ဆိုပြီး နာမည်အရင်းကြီး ဘယ်သူမှမခေါ်ဖူးတော့ နည်းနည်းတစ်မျိုးကြီးပဲ ။ သူငယ်ချင်းတွေကလည်း မင်းထက်ပဲခေါ်တာဆိုတော့ ။ ငယ်ငယ်တုန်းကလို ကိုယ့်ကို 'ထက်ထက်'လို့ ခေါ်ရင်ခေါ်လေ ။ အဲ့တာက ကိုယ့်ကိုနည်းနည်းနွဲ့သွားသလို ခံစားရပေမဲ့ ပျိုးလေးအဆင်ပြေတယ်ဆိုရင်တော့ ရပါတယ် ။ "

လူရွယ်ရဲ့နှုတ်ဖျားက ထွက်လာတဲ့ 'ပျိုးလေး' ဆိုတဲ့နာမ်စားက သူမရဲ့ နားထဲကို ကိုးလို့ကန့်လန့်ဝင်လာတယ် ။ အဖြူရောင်က အဲ့တာကို နည်းနည်းမှ နှစ်ခြိုက်မှုဖြစ်‌မနေဘူး ။ လူရွယ်နဲ့တူတူရှိနေရတာကို သူမက မကြိုက်ဘူး ။ အဲ့ဒီခပ်နွေးနွေး လက်ဖဝါးတွေအစား သူမက ကိုးလ်ရဲ့ အေးစက်စက်လက်ချောင်းတွေကိုတချိန်လုံး‌တောင့်တနေမိတာ ။

COE (၁၉+)Where stories live. Discover now