[Unicode]
" စော...ငါလေ ဘန်ကောက်သွားပြီးခွဲစိတ်ပြုပြင် လိုက်ရမလား ? "
" ဘာအတွက်လဲ ? "
" ဘာရှိရမှာလဲ ငါ့ကိုကြီးပေါ့ ... တွဲတုန်းကလဲ သည်းသည်းလှုပ် ကဲကဲလှုပ် အခုပြတ်သွားပြန်တော့ လဲ ပြန်ပြီးလွမ်းဆွတ်တမ်းတ စမြှုပ်ပြန်နေတာ ငါဘယ်လိုအထာပေးပေး စာပေးပေး မမြင်ချင်ယောင်ပဲဆောင်နေတယ် ... ဂါးးး "
" လာပြန်ပြီ ဒါပဲ ဒါနဲ့ နင့်ကိုကြီးနဲ့ နင်ပြောမယ့်ဟာနဲ့ ဘာဆိုင်လို့လဲ "
" ငါဖြတ်ဖောက်ချုပ်ပြီး ဂေး အနေနဲ့သူ့ကို မြူစွယ်မလို့ဟေး ..."
" ဘာ "
"ဝတီ "
" နင်ရူးသွားပြီ "
"ဂေါက်သီးမ "
" ..... "
အတိုင်အဖောက်ညီလိုက်ကြတဲ့ကျွန်မသူငယ်ချင်းတွေရယ်ပါရှင် 🥴🥴အာ...မိတ်ဆက်ပေးမယ်လေနော်...အားလုံးပဲမင်္ဂလာပါ ကျွန်မနာမည်က နန်းဝတီသော် ကျန်တဲ့သူတွေက ကျွန်မနဲ့ တက္ကသိုလ်မှာစခင်တဲ့သူငယ်ချင်းတွေ ... စောနန္ဒါဇင် ဆောင်းဟေမာန် ရဲရင့်နိုင် ရွှန်းမြတ်ခြယ်အောင် ... ကျွန်မတို့အကုန်လုံး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကနေ ပြင်သစ်ဘာသာနဲ့ဘွဲ့ရထားကြတယ် ဒါပေမယ့် ထူးဆန်းတာက ကျွန်မတို့လုပ်နေကြတဲ့အလုပ်က တစ်ယောက်တစ်မျိုးစီအပြင် ဘွဲ့နဲ့ဘာမှမသက်ဆိုင် ကျွန်မကမှတစ်ခါတစ်လေသက်ဆိုင်သေး
ထားပါဒါတွေခုနကကျွန်မတို့ပြောနေတဲ့အကြောင်းကိုဆက်သွားကြတာပေါ့ ...
"ငါ့ကိုကြီး" ဒီနာမ်စားကိုခေါ်လာတာ အခုဆို ၆နှစ်ရှိပြီပေါ့ ကျွန်မ၁၆နှစ်သမီးမှာ အစ်ကိုကြီးတစ်ယောက်ကို စကြွေမိခဲ့တယ် သူ့နာမည်က"ပိုင်သက်ယံ"ကျွန်မထက်၁နှစ်ပဲကြီးပေမယ့်သူကအစ်ကိုကြီးတစ်ယောက်လိုပဲနေထိုင်ပြောဆိုတတ်လို့ "ကိုကြီး" ဆိုတဲ့နာမ်စားကိုခေါ်ဆိုခဲ့တယ်
ကျွန်မရူးချက်က သူတက်တဲ့တက္ကသိုလ်ကို မရ ရအောင် လိုက်တက်တယ် သူသွားသမျှလိုက် stalk တယ် သူ့ရဲ့ပါရမီဖြည့်ဘက်တစ်ယောက်ဖြစ်ဖို့ လိုအပ်တာမှန်သမျှ ကြိုးစားခဲ့ပေမယ့် ဖွင့်မပြောဖြစ်တဲ့ သတ္တိနည်းမှုကြောင့် သူများလက်ထဲ ထည့်လိုက်ရတယ် အဲ့အချိန်ထဲက ကျွန်မဆီမှာစဖြစ်လာတဲ့ဝေဒနာတစ်ခုက ခေါကိုက်ဝေဒနာပဲ ကျွန်မအဆင်ပြေနေတဲ့အချိန်ဆို သူငယ်ချင်းတွေနဲ့နောက်ရယ်ပြောင်ရယ်ရှိနေတတ်ပေမယ့် ခေါင်းကိုက်တက်လာရင် ရောက်လေရာမှာ ပစ်လဲပြီး၃ရက်လောက်အိပ်ယာပေါ်လဲသွားတတ်တယ် အဲ့တာကြောင့်လဲသူငယ်ချင်းတွေက ကျွန်မကိုအရမ်းအလိုလိုက်ကြတယ် အခုပဲကြည့်ပါတော့ ... ❤[Zawgyi]
" ဘာအတွက်လဲ ? "
" ဘာ "
"ဝတီ "
" နင်ရူးသွားပြီ "
"ဂေါက်သီးမ "
" ..... "
First time writing မလို့ အမှားပါရင် တောင်ပန်ပါတယ်ရှင့်
Kကိုrecommentလေးလာပေးပြီးပြင်ခိုင်းလို့ရပါတယ်နော် ...
YOU ARE READING
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...