Extra 3

307 11 0
                                    

[Unicode]

** နန်း ... ကေ နန်းဆီလာခဲ့လို့ရမလားဟင် **

** ဟင် ... ကေသီအောင် ... နင်ပြန်ဝင်စားတော့မှာလား ဝမ်းသာလိုက်တာ **

** နန်းလေးက ပြည့်လာလိုက်တာ... ပါးလေးတွေဖောင်းကားပြီးတော့ဖျစ်ညှစ်ချင်စရာလေး **

** ဟီးးး ... ဝလာတာရယ် **

** ချစ်ဖို့ကောင်းတယ် ... ဒါနဲ့ ကေ နန်းဆီလာခဲ့တော့မယ်နော် ... **

** အင်း လာခဲ့လေနော် **

** ချစ်တယ် နန်း **

နန်းဝတီသော်ပြုံးကာအိပ်ယာမှထလာလေသည် ထိုစဉ် ရေချိုးခန်းထဲမှ အန်နေသော ပိုင်သက်ယံအသံအား ကြားလိုက်ရသည် ...

" ပိုင် မသက်သာဘူးလား မနေ့ကစစ်တာဘာမှလည်းအဖြေမပေါ်ပဲကို"

"အင်း ပျို့ပျို့တက်လာတာ မသိရင်ဗိုက်ကြီးသည် အတိုင်းပဲ"

* ဟင် ဒါဆို ငါကိုယ်ဝန်ရှိနေတာများလား? အယ် ဟုတ်သားငါရာသီမလာတာဒီလဆို၂လရှိပြီပဲ ... ဒါကြောင့် စောနက ကေသီဝင်ခွင့်တောင်းတာများလား?*

"သော်...ဘာတွေတွေးနေတာလဲ"

"သော်ကိုယ်ဝန်ရနေပြီထင်တယ် သွားစစ်ရအောင် လာ"

"အမ်"
* ကျွန်တော်ဖြေချိန်တောင်မရဘူး သော့်နောက်ပါသွားရပြီ ... တကယ့်စိတ်လက်တစ်ဆစ်ပါ အခုဆိုအခုပဲ *

"ဂုဏ်ယူပါတယ်ရှင့် သမီးလေး နန်းဝတီသော်မှာ ကိုယ်ဝန်၇ပတ်ရှိနေပါပြီ"

"တကယ်ကြီးပေါ့..."

သော်ရောကျွန်တော်ပါပြောရင်းမျက်ရည်တွေကြလာပြီးဖက်ထားကြမိတယ် ဆရာဝန်မကြီးကလည်း ကြည်နူးရိပ်တွေနဲ့ပြုံးရင်းကြည့်နေလေရဲ့
ဘေးနားကလိပ်ပြာလေးကလည်းပြုံးကာ နန်းဝတီသော် ကိုယ်လေးနားမှာနားရင်းပျေက်သွားလေရဲ့ ...

" သမီးလေးရယ် ကိုယ်ဝန်၂လတောင်ရှိတော့မှကိုယ်ဝန်ရှိမှန်းသတိထားမိရလားလို့ ... အခုကစပြီး မေမေတို့နဲ့ပဲနေတော့ "

"အာ ... ပိုင်နဲ့ အပေါ်ထပ်တက်နေရမှာစိုးလို့ အောက်ဆုံးထပ်က book café ဘေးတိုက်ကအခန်းမှာ နေဖို့လုပ်ထားတယ်မေမေ"

💔 In this life 💔 (Z+U)Donde viven las historias. Descúbrelo ahora