[Unicode]
အားလုံးပဲမင်္ဂလာပါ...ဒီခရီးစဉ်တစ်ခုလုံးကိုတာဝန်ယူထားတဲ့ နန်းဝတီသော် ပါရှင့် ... ဝတီလို့ခေါ်လို့ရပါတယ်ရှင့် ဒီခရီးစဉ်ကမိသားစုခရီးစဉ်လို့အပ်တုန်းကပြောထားတာကြောင့် ဝတီကအကုန်လုံးစည်းစည်းလုံးလုံးနွေးနွေးထွေးထွေးနဲ့ပျော်စရာကောင်းတဲ့ခရီးစဉ်မျိုးကိုဖန်တီးပေးထားပါတယ်ရှင့် အားလုံးပဲကျေနပ်ကြလိမ့်မယ်လို့မျော်လင့်မိပါတယ်ရှင့်
အခုကတော့နေ့လည်စာအရင်စားကြပြီးညနေလောက်မှသွားလည်ပါမယ်နော်... ဒါ check in ဝင်ပေးထားတဲ့အခန်းလေးတွေပါ နောက်နာရီဝက်နေရင် lobby(ဧည့်ကြိုဆောင်)မှာ ဆုံကြပါမယ်ရှင့် ...တစ်ဖက်တွင်လည်း...
1 2 3 4 5 6 7 8 ဘယ် 1 2 3 4 5 6 7 8 ညာ 1 2 3 4 5 6 7 8 .........သွေးပူနေမှတကယ်တန်းကန်တဲ့အခါ မင်းတို့ကြွက်သားတွေကအဆင်ပြေမှာ မဟုတ်ရင် ကွင်းထဲမှာမှန်းထားသလောက်မပြေးနိုင်မလုနိုင်တာတွေ ထိုင်းမှိုင်းနေတာတွေ ကြွက်တက်တာတွေဖြစ်လာနိုင်တယ် ပြီးရင်...***ကျင့်မယ်......
(ps. အာ့တာကလေဘောလုံးပွဲမစခင်သူတို့တွေလုပ်နေကြကိုzyကြားဖူးတာလေးရေးထားတာပါနော် မဟုတ်ဘူးဆိုရင်သွေ့ပုချိပါ)2လကြာသော် ~~~
"ဟေး...Lisaနောက်ဆုံးတော့မင်းရှိရာကိုအရောက်လာခဲ့ပြီ....."
"ဟဲ့ မရှက်ဘူးလားလေဆိပ်ကြီးမှာ"
"မရှက်နိုင်တော့ဘူးတီတီရေ...မနက်ဖြန်ညနေမတရားရောက်ချင်လာပြီရင်တွေလည်းမတရားခုန်နေတယ်"
"နေပါအုံး ရဲရင့်ကအခုမှconcertလိုက်ဖူးလို့ထားပါ နင်ကဘာလို့ရွစိတက်နေတာလဲ မင်းသန့်"
"သားလည်းroseလေးကိုတွေ့ရတော့မှာမလို့လေ"
"ထားလိုက်ပါဝတီရယ် သူတို့တွေကိုလွှတ်ချထားလိုက်"
"ငါတို့ထက်ဆိုးနေပါ့လား..."
"အာ အကိုအဆင်ပြေရဲ့လား ဟီး...ဝတီကကုန်ကျစရိတ်စရိတ်နည်းနည်းပိုသက်သာအောင်အကို့ကိုတခါထဲခေါ်လိုက်တာ"
"ရပါတယ် လူအများကြီးဆိုတော့ပိုပျော်ဖို့ကောင်းတာပေါ့"အခုသူတို့တွေကိုရီးယားကိုရောက်နေကြတာပါ...(အကြောင်းအရင်းကို၂မှာရေးခဲ့ပါတယ်)
"ကဲရောက်ပြီ...အခန်းက၂ခန်းပဲရှိတော့ထုံးစံအတိုင်းယောက်ျားလေး၁ခန်းမိန်းကလေး၁ခန်းနေမယ် ဝတီ အကို့အတွက်dream badလာခင်းပေးပါ့မယ်"
"သားကရော???"
"သားကရဲရင့်နဲ့တူတူအိပ်လေ...ခရီးသွားတိုင်းအိပ်နေကြကို လိမ္မာတယ်နော်"
"ပြီးရော ဟွန့်..." *သူ့လူကြီးအတွက်ကြတော့စပယ်ရှယ်လုပ်ပေးနေတယ်*
"မင်းသန့်လေးကပဲနားလည်ပေးလိုက်ပါ သားအမအကြောင်းလည်းသိရက်နဲ့" လို့ဆောင်းကလေးသံတိုးတိုးနဲ့ပြောလိုက်တယ်
"ဟွန့် ... အင်းပါ"
"ဝတီငါတို့ဒီညသောက်ကြမလား...ပွဲမခံရတာကြာပြီ"
"ရဲရင့်နဲ့ဆောင်းကိုမထိန်းရတာကြာလို့လွမ်းနေတာလား"
"ဘာလဲ နင်ကမသောက်ဘူးလား"
"ဘယ်သူကမသောက်ဘူးပြောလဲ ok call..."
"ညီမကသောက်မလို့လား ဟိုတလောကနေမကောင်းဖြစ်ထားတာကို"
"နေမကောင်းတာကသောက်တာနဲ့မဆိုင်ဘူး ကိုပိုင်သက်ယံရဲ့...သူကသောက်ရင်နေပိုကောင်းတယ်"
"တကယ် ဘယ်လိုဖြစ်လို့"
"သိချင်စောင့်ကြည့်ပေါ့ အကိုရောသောက်မလား"
"အကိုကအဆင်ပြေပါတယ် ဘာဖြစ်ဖြစ် ညီမတို့ကမိန်းကလေးတွေဆိုတော့စိုးရိမ်လို့"
"အမလေး မစိုးရိမ်နဲ့သိလား တီတီကအရက်သမား"
"ဒါနဲ့ညီကသူ့ကိုဘာလို့တီတီလို့ခေါ်တာလဲ"
"အသက်အရအမဖြစ်ပေမယ့် အမျိုးစပ်ရင်အဒေါ်တော်တယ်လေ ဒေါ်လေးလို့ခေါ်တုန်းကအဆဲခံရလို့ ၁ချက်ခုတ်၂ချက်ပြတ် သူ့နာမည်လည်းပါတဲ့ တီတီကိုလိုက်ခေါ်တာ"
"ဝတီ ဈေးဝယ်ရမယ်နော် စားစရာခေါက်ဆွဲပဲကျန်တော့တယ်"
"အေး စောရေ ... ငါအခုသွားမလို့ဘယ်သူလိုက်အုံးမလဲ"
"နိုးပါ သားအိပ်ပြီ ပင်ပန်းလာလို့"
"ငါရောပဲနားချင်နေပြီ နင့်လိုစက်ရုပ်မဟုတ်ဘူးဟ"
"နင်တို့ကလေယောက်ျားတွေဖြစ်ပြီးအားကိုမကိုးရဘူး ... စော လိုက်ခဲ့ပါနော်"
"ငါပစ္စည်းချပြီးအခန်းရှင်းနေတယ်လေ"
"ငါလိုက်ခဲ့ပါ့မယ်ဝတီရယ် ငိုမဲ့ငိုမဲ့နဲ့"
"အကိုလည်းလိုက်ခဲ့မယ် ဒီမှာလည်းလုပ်စရာသိပ်မရှိတော့ အဆင်ပြေတယ်မလား"
"ညီမကအိုကေပါတယ် အကိုသာ..."
"အကိုလိုက်ချင်လို့ပါ ဝယ်စရာလေးလည်းရှိလို့"
"အင်းပါ"
YOU ARE READING
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...