Extra 2

330 15 5
                                    

[Unicode]

###I'm back 😁😁😁

"ပိုင် ဘယ်လိုဖြစ်လို့ဒီရောက်နေတာလဲ"

"သော်နဲ့အတူတူဒီမှာအပန်းဖြေမလားလို့ပါ နေလို့ကောင်းတယ် ဒီသောင်ပြင်လေးက"

"ဘယ်နှစ်နာရီတောင်ထိုးနေပြီလဲမသိဘူး ... ဂါးးး ၄နာရီရှိနေပြီ ခနနေရင် မြစ်ရေတက်လာတော့မယ် ပိုင် အရူးလား ပြင်သစ်နဲ့ဘွဲ့ရထားတဲ့သူမှဟုတ်ရဲ့လား"

"အမ် ဘာမှလည်းမဆိုင်ဘူး ... ကိုယ်ကစေတနာနဲ့ကို"

"အင်းပါ ... နောက်မှဆက်ပြော အခုအပေါ်အရင်တက်ကြမယ် ... သော် ဒီသောင်ပေါ်အိပ်ရင်မနက်ဖြန်မနက် ဖျားသွားလိမ့်မယ်"

Honeymoonခရီးစဉ်တတိယနေ့မှာသူတို့ Mont Saint-Michelကိုသွားကြတာပါ ...

သွားရင်းနဲ့မှ နန်းဝတီသော်က ပြင်သစ်က LGBT couple နဲ့စကားပြောနေတုန်း ပိုင်သက်ယံ D-day ကျွန်းလို့လူသိများတဲ့ မနက်ပိုင်း saint မြစ်ရေကျသွားချိန်မှာပေါ်လာတဲ့ကျွန်းပေါ် ရောက်လာတာပါ ...
ဒီကျွန်းက မနက်နေထွက်ချိန် မြစ်ရေအကျမှာပေါ်ထွက်လာပြီး ညနေနေဝင်ချိန် မြစ်ရေပြန်တက်လာတဲ့အခါ သဲသောင်အနေနဲ့သာကျန်ခဲ့ပါတယ် ... ထူးခြားချက်ကတော့ ရေကျချိန်မှာ mont saint-michel ကနေ လမ်းလျောက်သွားလို့ရပြီး သဘာဝအလှတရားကိုခံစားလို့ရပါတယ်

*** Dday ကျွန်းလို့ခေါ်ရတဲ့အဓိပ္ပါယ်ကတော့ မြစ်ရေအကြောင်းမသိသူ၂ဦးဟာ ရေတက်လာချိန်မှာသဲသောင်ပေါ်ကျန်ခဲ့ရင်းမှ ချစ်သူဖြစ်သွားခြင်းကြောင့်ဟုပြောကြသည် ... အမှန်အကန်လည်း ပြင်သစ်ဆိုသည်မှာ နူးညံမှု အနုပညာနှင့်ချစ်ခြင်းဖုံးလွှမ်းထုံသင်းသောနိုင်ငံဖြစ်သည်မလို့ မယုံနိုင်စရာမရှိပေ ~~~ ***

[A/N ~~ Kအရမ်းသွားချင်နေတဲ့နေရာပါ Kကိုကြီးကိုပြန်ပေးဆွဲပြီးအဲ့ကျွန်းပေါ်သွားမယ် saint-michel က သံမာန်တော်ခြေဖဝါးအောက်မှာတူတူသွားရပ်ပြီး ကိုယ့်ဖူးစာကသူပဲဆိုတာလုပ်ပစ်မယ်🙃]

အချိန်အားဖြစ့်၁နှစ်တာကြာမြင်သွားပြီး အရာရာဟာ ရော်ရင့်ရောင်ထုံလွှမ်းနေသည် ...

"နွေတောင်ရောက်နေပြီပဲ"

"သော် ... ကိုယ်ပြောစရာရှိတယ်"

💔 In this life 💔 (Z+U)Dove le storie prendono vita. Scoprilo ora