[Unicode]
မိုးအေးအေးနဲ့ဝတီတစ်ယောက် သူမအမေဖွင့်ထားတဲ့ book café မှာ ကော်ဖီသောက်လိုက်စာအုပ်ဖတ်လိုက် ဆွေးနေရင်း အတိတ်ကသူမကိုကြီးကိုစတွေ့ဖို့အကြောင်းဖန်လာပုံကိုြပြန်တွေးမြင်နေလေရဲ့ .....
2016ခုနှစ်, Aprilလ
"ဝတီရေ ... နန်းဝတီ ..."
"လာပြီ တီလေးရေ ခနလေး"
"ဒီကလေးမနှယ့် သင်တန်းသွားဖို့ မနဲတွန်းနေရတယ်"
"မြေးမလေးကအပြင်သွားရတာသိပ်မကြိုက်လို့နေမှာပါကွယ်...သူမကြိုက်ရင်အတင်းမပို့ပါနဲ့"
"ဖိုးဖိုးတို့ ဘာတွေအတင်းတုပ်နေတာလဲ...ဝတီ့အကြောင်းလား မှန်မှန်ပြောနော်"
"အေး ဟုတ်တယ် ညည်းဘယ်လိုဆိုးကြောင်း ဘယ်လိုပျင်းကြောင်းပြောနေတာ"
"တီလေးကလည်း ... ဟွန့် ... အာဂျီးမား မီဝေါ့"
"ဒီကလေးမ ကိုယ့်အဒေါ်ကို"
"နောက်ကျနေပြီဆို သွားကြမယ်လေ ... ဖိုးဖိုး တာ့တာ"
"အေးအေး ကောင်းကောင်းသွားအုံး ရှပ်ပြာရှပ်ပြာနဲ့ ခလုတ်တိုက်နေမယ်"
"ဟုတ် ဖိုးဖိုး"
"ဝတီ သင်တန်းမှာ စာသေချာလိုက်နားထောင် သူငယ်ချင်းတွေနဲ့တည့်အောင်ပေါင်းနော်"
"ဟုတ်ပါပြီ ဝတီ ကလေးပိစိလေးလည်း မဟုတ်ပဲနဲ့ကို ပြီးတော့ထိုင်မစောင့်ပါနဲ့ သင်တန်းနဲ့အိမ်ကနာရီဝက်လောက်လမ်းလျောက်ရင်ရောက်နေပြီကို ပြီးတော့တက်နေတာဖြင့်၂လကျော်ပြီ "
"ညည်းအိမ်ကလူတွေကစိတ်မချလို့လေ...သွား အထဲဝင်တော့ ဈေးဆစ်ရတာမမောဘူးလား နေ့တိုင်း"
"ဟွန့် ... တာ့တာ ... ဘိုင့်ဘိုင်"ဝတီကအိမ်ရဲ့အငယ်ဆုံးလေး အဖိုးအဖွားတွေရဲ့အသည်းကျော်လေးပါ အလိုလိုက်သင့်ရင်လည်းလိုက်ကျသလို စည်ကမ်းလည်းအရမ်းတင်းကျပ်ကြတယ် ဝတီတို့အိမ်ကစီးပွားရေးအိမ်မို့လို အဖေနဲ့အမေကအမြဲအလုပ်မှာပဲအချိန်ကုန်နေတတ်တယ် ဝတီအိပ်ချိန်မှသူတို့အလုပ်ကနေပြန်ရောက်တတ်ကြတယ် အာ့တာကြောင့်ဝတီက အဖိုးတွေအဖွားတွေအဒေါ်တွေနဲ့ပဲနေရပြီး သူတို့ရဲ့အချွဲတုံးလေးဖြစ်နေတာပေါ့ ... ဝတီကို ၁၀တန်းပြီးတော့ ဖိုးအဖွားတွေက သင်တန်းထားပေးချင်ပေမယ့်စိတ်မချကြဘူး အာ့တာနဲ့ပဲအဒေါ်ကနေ့တိုင်းလိုက်ပို့လိုက်ကြိုပေးနေရတယ်
"မြဉ္ဇူ ဒီနေ့ ဆရာဘာမေးမယ်ပြောထားသေးလဲ"
"မပြောထားဘူး ဝတီ ဒီနေ့က group discussion လို့ပြောတယ်"
"အာလူးဖုတ်ချိန်ပေါ့ ... ခ်ခ်ခ်"
"ငါတို့ဒီနေ့အမရွှန်းလဲ့မျိုးဦးတို့နဲ့သွားထိုင်ကြမလား"
"ရတယ်လေ သဘော"
" အမ ဒီနေ့ညီမတို့၂ယောက်အမတို့အုပ်စုနဲ့ join မယ်နော်"
"ရတယ်ညီမလေးတို့လာလေ အမတိူ့လဲ၃ယောက်ပဲရှိတာ အခု၅ယောက်ဆိုတော့ discuss time အတွက်အဆင်ပြေသွားတာပေါ့"
"Discuss timeပြီးရင်ရှိသေးတာလား"
"စာကျက်ချိန်ပါမယ်ကြားတယ်အမလာတုန်းက"
"ဟင့် ..."
"ညီမကဝတီလေးထင်တယ်..."
"ဟုတ် နန်းဝတီသော်ပါရှင့် "
"အမတို့ကညီမလေးကိုသိတယ် ခင်ချင်ပေမယ့်မာနကြီးမယ်ထင်လို့စကားလာမပြောကြတာ"
"ဝတီကအမှန်တော့ငပေါမ မရွှန်းရဲ့"
"မြဉ္ဇူနော် သူများကို ... "
"ဝတီကချစ်ဖို့ကောင်းတာပဲ အမနာမည်ကရွှန်းလဲ့မျိုးဦး သူတို့၂ယောက်ကအမမောင်ဝမ်းကွဲတွေ ရှိန်းပိုင်ဦး နဲ့ ကောင်းစည်သူဟန်"
" nice to meet you guys"
" ...... "
" discuss time is starting , now"
" Arr ... ok .. hi "
" Excuse me , Could I add this two boys in this group "
" Sure , teacher it's ok "
" ok thanks Continue ... "
"Hi , I'm Htet Wai Yan "
"I'm Kun Thet Naung "
" Oh , When the greeting will stop ???"
" hk hk ... I'll present , I'm .......... "
YOU ARE READING
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...