Extra 1

359 13 0
                                    

[Unicode]

"အာ့...ပိုင် မလုပ်နဲ့တော့ဆို"
"....."
"ပိုင်ခွေးစိတ်ပေါက်နေတာလားဟင်"
"အင်း...ခွေးပေါက်မလေးကြောင့်"
"ဟာ သူလည်းသူများကိုကိုက်သေးတယ် သူများကိုခွေးပေါက်မတဲ့"
"ကြည့်ပါလား အခု သော် စိတ်ဆိုးနေတာလေးကခွေစုတ်ဖွားလေးအတိုင်းပဲ"

နန်းဝတီသော်မျက်စောင်းတစ်ချက်သာထိုးပြီးအဝတ်လဲခန်းထဲသို့ဝင်သွားလေသည် ..... သူမပြန်ထွက်လာသောအခါတွင်မူ ပိုင်သက်ယံတစ်ယောက် ပြုံးစိစိဖြစ်နေတာကိုတွေ့လိုက်ရသည်.....

"ရုပ်ကဘာဖြစ်နေတာလဲ ပိုင်"
"ဟင့်အင်း ... ဟိ"

အဖြေမှန်အားမှန်တင်ခုံရှေ့ထိုင်လိုက်ချိန်တွင်သိလိုက်ရသည် ... ကျွန်မဝတ်ထားတဲ့ shoulder off ဂါဝန် အထက်က လည်းပင်းသားနဲ့ညှပ်ရိုးကြားမှာ သူ့ markingရာကအထင်းသား ...
"အကို"
"ဗျာ"
"အာ့ကြောင့်သော်ပြောတယ်မလုပ်ပါနဲ့တော့ဆိုတာကို"
"ကိုယ်မှသော့်ကိုတွေ့ရင်မနေနိုင်ပဲ"
"ဟူး အခုတော့ဂါဝန်လဲရတော့မယ်"
"ဒီတိုင်းလေးပဲသွားကြမယ်လေ သော်ရဲ့"
"ကောင်းမလား လူကြီးသူမတွေနဲ့ညစာစားပွဲကို"
"ကောင်းပါတယ် သော်ရဲ့ ... ကိုယ့်ယောက်ျားလုပ်ထားတာပဲကို"
"ဂါးးးးး ဖယ် သွားလဲအုံးမယ်"
"ကောင်းပါပြီခင်ဗျာ"

ညပွဲသို့ရောက်သောအခါတွင် .....

"ဟယ် သမီးလေး ဘယ်လိုဖြစ်လာတာလဲကွယ်??"

"ဘာလို့လဲဟင်""မေမေပေးလိုက်တဲ့ Night gown ဘာလို့မဝတ်လာတာလဲသမီးလေး ပြီးရင်ထွက်ကရမယ့်ဟာကို""အဲ့တာ အကို့ကြောင့်လေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဘာလို့လဲဟင်"
"မေမေပေးလိုက်တဲ့ Night gown ဘာလို့မဝတ်လာတာလဲသမီးလေး ပြီးရင်ထွက်ကရမယ့်ဟာကို"
"အဲ့တာ အကို့ကြောင့်လေ ... shoulder off ဆိုတော့အဆင်မပြေတော့လို့"
"သားငယ်ကတော့လေ ပွဲရှိနေတာကို သမီးလေးလည်းလှလှလေးဝတ်ချင်မှာပေါ့ လူဆိုးကောင်"
"ကျွန်တော့်မိန်းကဘာဝတ်ဝတ်လှပြီးသား...အာ့ သော် ဘာလို့လာဆွဲလိမ်တာလဲလို့ ကိုယ်ကအမှန်ပြောတာကို"
"ပိုင်..."
"ဟားးး သူတို့ကိုကြည့်ရတာတကယ်လိုက်ဖက်တယ် ဟုတ်တယ်မလားဖေကြီး"
"ဟုတ်ပကွာ ကြင်စဦးဇနီးမောင်နှံတွေများ ကဲလွန်းပါတယ်"
"ဟာ မေမေတို့ကလည်း"
"သမီးငယ်ကရှက်နေရင်တကယ်ချစ်ဖို့ကောင်းတာပဲ ဟားးးး"
"ဟို ဝတီလုပ်ငန်းရှင်တွေနဲ့လိုက်နှုတ်ဆက်လိုက်အုံးမယ် ဖေဖေ နဲ့ မေမေ"
"ကောင်းပါပြီကွယ်"
"လာ ပိုင်"
"ကိုယ်ရောလား"
"ကျွန်မယောက်ျားကိုမခေါ်သွားလို့ ဖေဖေကိုခေါ်သွားရမှာလား"
" ဟား ဟား "

💔 In this life 💔 (Z+U)Where stories live. Discover now