[Unicode]
"ဝတီ...ညီမ..."
ဝတီတစ်ယောက် book café မှာအတွေးနယ်ချဲ့ရင်း ပိုင်သက်ယံခေါ်သံကြားတော့မှအသိပြန်ဝင်လာလေရဲ့
"ရှင်...အာ အကို ဘယ်တုန်းကရောက်တာလဲ"
"နဲနဲကြာပြီ ညီမ ဘယ်တွေစိတ်ရောက်နေတာလဲ အကိုက မျက်လုံးဖွင့်ပြီးအိပ်နေတယ်တောင်ထင်လိုက်တာ"
"ဆောတီးပါအကိုရယ် အားနာလိုက်တာ ညီမဟိုတွေးဒီတွေးနဲ့စိတ်နဲနဲလွတ်သွားတာ"
"ထားပါ ဒါနဲ့တစ်ယောက်ထဲလား ဘော်ဒါတွေရော"
*တစ်ယောက်ထဲမို့တစ်ယောက်ထဲမြင်နေရတာပေါ့ တကယ်ဂေါက်တယ် ဘယ်လိုလူကိုခွက်မိနေတာလဲ နန်းဝတီသော်ရေ*
"ဟုတ်အကို ... စောကဆိုင်ဘက်မှာ Anniပွဲတစ်ခုအတွက် surprise planning လုပ်ပေးနေတယ် ဆောင်းက korea orderပစ္စည်းတွေရောက်လို့ကောင်မလေးတွေနဲ့သွားယူတယ် ရဲရင့်က စာအုပ်ပုံထဲသေနေပြီလားမသိဘူး"ဟုတ်ပါတယ် book café ကိုfinalအပြီးမှာသူငယ်ချင်း၃ယောက်ဆက်တူဖွင့်ထားခဲ့တယ် အဓိကရင်းနှီးမြှုပ်နှံသူကတော့ဝတီအမေပေါ့ boof café ဆိုပေမယ့် စာကြည့်တိုက်လို့အပြင်အဆင်နဲ့စာဖတ်ခန်းပါဝင်တဲ့အခြမ်းကိုအသံအလုံနဲ့တိတ်တိတ်ဆိတ်ဆိတ်စာဖတ်နိုင်အောင်လုပ်ထားပြီး café ဘက်မှာတော့ဆယ်ကျော်သက်ကောင်လေးတွေကောင်မလေးတွေ အဓိကကတော့kpop kdramaကြိုက်သူတွေအကြိုက်အပြင်အဆင်နဲ့စည်စည်ကားကားရှိလှပါတယ်... စောနန္ဒာဇင်က café မှာလာပြီး anniversary surprise birthday surprise တွေကို လာပြီးစီစဉ်ပေးလေ့ရှိတဲ့ wedding planner တစ်ယောက်ဖြစ်နေပြီး ဆောင်းဟေမာန်က book café တစ်ခုလုံးကိုဦးစီးနေတဲ့ managerမလေးဖြစ်နေပါပြီ ... ကျန်တဲ့လူတွေကိုယ်စီအလုပ်လုပ်နေကြပြီမှန်ပေမယ့် ရဲရင့်နိုင်တစ်ယောက် အခုထိ အတွင်းဝန်နေရာရောက်ဖို့စာမေးပွဲတွေဖြေစာတွေလုပ်နေဆဲပါပဲ...နဂိုထဲကစာဂျပိုးဆိုတော့လည်းသူ့အတွက်စာလုပ်တာကမခဲယဉ်လှဘူးပေါ့လေ
"အော် အလုပ်များနေကြတာပဲ ... "
"အကိုညီမဆီလာပြီးသူတို့အကြောင်းလာမေးတာလား"
" မဟုတ်ပါဘူးညီမရယ် အကိုဆွေးနွေးစရာလေးရှိလို့"
"ဆိုပါအုံး ဘာတွေဆွေးနွေးမို့လဲ"
" အကို့clubက ကောင်လေးတွေကို trip တစ်ခုပို့ချင်လို့ သူတို့ကနားရက်အခုမှ များများစားစားရတာဆိုတော့လေ"
" ပြည်တွင်းလား ပြည်ပလား "
" ပြည်ပကိုသွားချင်နေကြတယ် ဘယ်ကိုသွားရမလဲသေချာမတွေးတတ်တော့လို ညီမဆီပဲလာခဲ့တာ "
" ဒီရက်ပိုင်းဆိုရင်တော့ ဥရောပခရီးစဉ်တို့ အနောက်တိုင်းတွေပဲရမယ် အရှေ့တိုင်းတွေကtripရက်တွေပြည့်နေပြီအကို စပွန်ဆာကြီးအဆင်ပြေပါ့မလား "
" အိမ်း အယောက်၂၀ဆိုတော့ ... အကို့ဘက်ဂျက်နဲ့ဆို နေစရိတ်စားစရိတ်၃ရက်လောက်ပဲအဆင်ပြေမယ်ထင်တယ် "
" Spain သွားပါလား အာ့မှာဆို training room တွေဘာတွေလည်းလေ့လာလို့ရမယ်ထင်တယ် "
" အိုကေလေ ညီမစီစဉ်ပေးပြီး အကို့ကိုပြန်အကြောင်းကြားပေးပေါ့ "
" အာ ညီမအသိနဲ့joinပေးမယ်လေ ညီမကဒီရက်ပိုင်း package program ရှိတယ်အကိုရဲ့ "
![](https://img.wattpad.com/cover/226648630-288-k509339.jpg)
YOU ARE READING
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...