15

241 13 0
                                    

[Unicode]

"အန်တီတို့အခုထွက်နေတဲ့သတင်းတွေကိုတာဝန်ယူဖို့စဉ်းစားထားတယ်သမီးလေး ... သမီးလေးကို သားပိုင်နဲ့ နေရာချထားပေးချင်တယ်"
"ဟုတ်တယ်သမီးငယ် ... သားပိုင်ကိုသမီးကပဲလုပ်ငန်းကိစ္စတွေသင်ပြပေးပြီး သမီငယ်တို့နှစ်ယောက်ကိုအမြန်ဆုံးလက်တွဲစေချင်ပြီ"
"ဝတီလက်ခံပေမယ့် အကို့သဘောထားကရှိသေးတယ်လေ ... အန်တီတို့အားကိုးနဲ့ ဝတီ အကို့ကိုအတင်းချုပ်ထားသလိုမဖြစ်ချင်ဘူး"
"သမီးလေးရယ် ... အန်တီသားပိုင်ကိုကူပြီးနားချပေးပါ့မယ် အန်တီ သမီးလေးကိုစတွေ့ထဲက အန်တီ့သမီးလေးလိုသတ်မှတ်ထားတာပါကွယ်"
"ဝတီသိပါတယ်အန်တီရယ် ဝတီလည်းအန်တီတို့ကို သံယောဇဉ်ဖြစ်နေပါပြီ"
"သားပိုင်နဲ့သာအဆင်ပြေရင် လက်ထပ်ပွဲကိုအမြန်ဆုံးစီစဉ်ချင်ပြီ သမီးငယ်"
"ဟား အရမ်းမြန်လွန်းနေပါပြီ အန်ကယ်"
"မမြန်ဘူးကွဲ့ အန်ကယ်က မြေးတောင်ချီချင်နေပြီ"
"ဟာ...အန်ကယ်ကလည်း"
"ဖေးကြီးကလည်းစနေပြန်ပါပြီ ဒီမှာသမီးလေးရှက်နေပြီ ..."
"ဒါနဲ့ သမီးငယ် ဘယ်အချိန်ထိ အန်ကယ်တို့ အန်တီတို့ လို့ဆက်ခေါ်နေမှာလဲ ... ဖေဖေ မေမေ ခေါ်သင့်နေပြီနော် သမီးငယ်"
"ဟုတ်ကဲ့ ဖေဖေ"
"ဟား ... နားထောင်လို့ကောင်းလိုက်တာကွာ ... နေပါအုံး သားပိုင်ဘယ်သွားတာလဲ မေကြီး"
"အာ အကိုက ဒီနေ့ training ပေးဖို့ရှိလို့ပါဖေဖေ ၂နာရီလောက်ဆိုအားပါပြီ"
"သမီးလေးကဘယ်လိုသိတာလဲ"
"အာ...ဝတီ့မှာကအကို့အချိန်စာရင်းရှိတယ်လေ မေမေရဲ့ ဟီးးး"
"ဒီကလေးမလေး...ပြောပါအုံး သားပိုင်ကိုဘယ်ထဲကသဘောကျနေတာလဲ"
"၁၀တန်းပြီးထဲကပါ မေမေ "
"မဟုတ်မှ .. သားပိုင်ကြောင့် YUFL လာတက်တာလား"
"ဟုတ် ဖေဖေ ... ဟီးးး"
"ဟယ်တော်"
"ဟား ဟား ဟား ... ငါတို့သားကို သမီးငယ်အစထဲက သဘောကျမှန်းသိရင် ဒီ့ထက်စောပြီးစီစဉ်ပေးမှာပေါ့ အခုဆိုမြေးတောင်ရလောက်ပြီ နော် မေကြီးရေ"
"ဟုတ်ပရှင် ... ကျွန်မတို့တစ်လှမ်းနောက်ကျသွားတယ် ... မဖြစ်ပါဘူး သားပိုင်ကိုစည်းရုံးရေးဆင်းမှပါ"
"ဟို...ဝတီပြောချင်တာလေးရှိလို့"
"ပြောလေ သမီးငယ် ဘာမှအားနာမနေနဲ့"
"ဝတီအကို့ကိုလိုက်နေတာပါ အကိုဝတီ့ကိုပြန်ချစ်လာတော့မှ ဖေဖေတို့မေမေတို့ လက်ထပ်မယ့်ကိစ္စကိုစီစဉ်စေချင်လို့ပါ"
"ငါ့သမီးလေးစိတ်တိုင်းကျဖြစ်စေရမယ်လို့ မေမေကတိပေးတယ် ..."
"ဖေဖေ့ကိုလည်းအကူအညီလိုရင်ပြော ... သားပိုင်ကို ပြန်ပေးဆွဲပြီးအပိုင်ကြံလည်းရတယ်"
"ဖေကြီး ဘာတွေလျောက်ပြောနေတာလဲ ... သမီးလေးပြန်ပေးဆွဲစရာမလိုအောင် မေမေ သမီးလေးတို့၂ယောက်ကိုအခန်းထဲပိတ်ထားပေးမယ်"
"ဟယ်...အဲ့လိုကြီးတော့မလုပ်ချင်ပါဘူး"
"ဟားးးး "

💔 In this life 💔 (Z+U)Where stories live. Discover now