[Unicode]
"သော် အပြင်သွားကြမလား "
"သွားချင်ပါဘူး"
"သော် အိမ်ထဲမှာနေတာ၁လတောင်ကျော်ပြီလေ ... သော်ပျင်းပြီးအညောင်းထိုင်သွားမှာစိုးလို့"
"အင်း"
"မအင်းနဲ့ ထ ... အဝတ်သွားလဲ လိမ္မာတယ်"
"ဟူးးး ဟုတ်"ကိုရီးယားမှာအတူတူနေတဲ့၁လအတွင်းကျွန်တော်သိလိုက်ရတဲ့သော့်အကြောင်းကတစ်ယောက်ထဲအေးအေးဆေးဆေးသီးသန့်နေတတ်တာပဲ ...
ကျွန်တော်နဲ့ညဘက်အိပ်ယာပေါ်လှဲရင်းအတူတူစကားပြောတဲ့အချိန် အလုပ်ကိစ္စသင်ပေးတဲ့အချိန် ကလွဲရင် သူ့ဘာသာ အလုပ်လုပ်တယ် စာဖတ်တယ် သီချင်းနားထောင်တယ် လေ့ကျင့်ခန်း နည်းနည်းပါးပါးလုပ်တယ် ... ဒါပဲ ... အပြင်လည်းမသွားတတ်ဘူး သူမသူငယ်ချင်းတွေအရင် VC callပြောဖို့ခေါ်မှသာ
မဟုတ်ရင် သူမကစမခေါ် ...ဟော ပြောရင်းသူမထွက်လာပါပြီ ...
"သော် အလုပ်သွားမလို့ဝတ်လာတာလား"
[A/N - Unnie တို့ဝတ်သလိုကို မတရားသဘောကျလို့ပါ]
"သော့်မှာဒီလိုဟာတွေပဲရှိတယ်ရယ်"
"ဟိုးအရင်ကိုယ်တို့နဲ့လာတုန်းကဝတ်တာကရော?"
"အဲ့တာကသယ်လာတာလေရယ် ... ဒီမှာရှိတာက concertသွားရင်ဝတ်ဖို့နဲ့ ရုံးသွားရင်ဝတ်ဖို့ပဲရှိတယ် အဆင်မပြေဘူးလားဟင်"
"အင်း ... သော့်သူငယ်ချင်းဟာတွေ ခနလောက်ငှားပြီးဝတ်ခဲ့ ..."
"ဒီမှာကဆောင်းဟာတွေပဲရှိမှာ...သော်ဝတ်နေကြနဲ့တော်တော်ကွာတယ်ရယ်"
" အင်းဝတ်ခဲ့ ... လိမ္မာတယ် လှလှလေးနော်"
"ဘာတွေအဆန်းထွင်နေတာလဲ ပိုင်"
"သွားပါသော်ရယ် လှလှလေးယူဝတ်ခဲ့"
"ဟူးးးးး"
BINABASA MO ANG
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...