[Unicode]
ကေသီ့'pov *ဟာ...ဒီလူရိုးတာလားအတာလား ငါကရက်ရက်ရောရောပေးနေတာကိုသူကအလှထိုင်ကြည့်နေတယ်*
သူမတို့တွဲလာတာ၁နှစ်ပြည့်တော့မယ် သူကသူမကိုလက်ကိုင်ရုံခေါင်းဖွပွတ်ရုံကလွဲရင် နမ်းတောင်မနမ်းဖူးပါဘူး markingဆိုတာဘယ်ဆီနေမှန်းမသိ making loveဆိုဝေးလေစွ ပါ ...
ကေသီတို့သူငယ်ချင်းအုပ်စုဟာအရမ်းပြိုင်ဆိုင်လိုစိတ်တွေများတယ် "မဟုတ်တဲ့နေရာမှာပေါ့"အချင်းချင်းလည်းပြိုင်နေကြတာပါပဲ သူ့မှာဘဲဘယ်နှစ်ယောက်ရပြီ ငါဆိုဆော်ဘယ်နှစ်ယောက်နဲ့တူတူနေပြီးပြီ စသဖြင့်ပေါ့ အယုတ်ဆွအဆုံး ငါ့a**ကဘယ်လောက်ထိခံနိုင်တယ် ငါ့d***ကဘယ်လောက်ထိf***နိုင်တယ်ကအစပြိုင်ကြတယ် ...
ကျွန်မပိုင်သက်ယံကိုစပြီးစကားလိုက်ပြောတုန်းကလည်းGameရှုံးသွားလို့ပါ သူကကျွန်မထင်ထားတာထက်ပိုရိုးပြီးတုံးအတယ် လုံးဝကျွန်မtypeမဟုတ်ဘူး ဒါပေမယ့်သူကအရမ်းဖော်ရွေပြီး ဂရုစိုက်တတ်တဲ့လူမျိုးဆိုတော့ ကျွန်မနှလုံးသားလည်းတဖြည်းဖြည်အရည်ပျော်ကျကုန်တာပေါ့...
ဒါပေမယ့်ကျွန်မသူ့ကိုမချစ်လူး ချစ်လို့လည်းမရဘူး ... ဒါပေမယ့် နဂိုဗီဇက ဖျောက်လို့မရဘူးလေ သူ့ကိုကျွန်မအပိုင်လိုချင်လာတယ် သူကျွန်မကိုညီမလေးတစ်ယောက်လိုပဲသဘောထားပြီးနန်းဝတီသော်ဆိုတဲ့တစ်ယောက်ကိုသည်းသည်းလှုပ်ချစ်တာ ကျွန်မအတိုင်းသားမြင်နေရတယ် သူကသာသူ့ကိုယ်သူမသိပဲမပွင့်မလင်းဖြစ်နေတာ ... ကျောင်းသြင်္ကန်တုန်းက ကျွန်မတမင်အကွက်ချပြီးသူ့ကိုအမူးတိုက်တာပါ ထင်တဲ့အတိုင်းသူဖွင့်ပြောထွက်လာတယ် နောက်ဆုံးပြောလိုက်တဲ့နာမည်ကကျွန်မမဟုတ်ပေမယ့်လို့ပေါ့ ... ဒါပေမယ့်ထားပါလေ ကျွန်မပဲကြားတာမလား...အကုန်လုံးကလည်းကျွန်မကိုပြောတယ်ပဲထင်တာလေ သူ့ကိုကျွန်မအပိုင်သိမ်းဖို့ဂွင်ပဲပေါ့ ...
နောက်ပိုင်းကျွန်မတို့ရည်းစားဖြစ်သွားပြီး နန်းဝတီသော်ဆိုတဲ့တစ်ယောက်နဲ့ဝေးသွားတာပဲလေ ... ဟက် ... ချစ်သူလို့တော့သူ့ကိုမသုံးချင်ဘူး သူရောကျွန်မရောချစ်ကြတာမှမဟုတ်ပဲ ကျွန်မကလည်းသူ့ကိုအပိုင်လိုချင်ရုံ သူကလည်းကျွန်မကိုတာဝန်ယူပြီးသိတတ်ရုံပဲလေ သူချစ်လာလာမချစ်လာလာဂရုမစိုက်ဘူး သူ့ကိုကျွန်မပိုင်ဆိုင်ရရင်ကျေနပ်ပြီ ဘာလို့လဲဆို သူကသူတာဝန်ယူရမယ်လို့သဘောထားလိုက်ရင် တစ်သက်လုံးတာဝန်ယူမှာကို ကျွန်မသိတယ်လေ သူကအရမ်းလူကြီးလူကောင်းဆန်ချင်တာ လူကသာမပွင့်မလင်းဖြစ်နေတာ ...
YOU ARE READING
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...