[Unicode]
[ဤအပိုင်းသည် dramaအများစု၌ပါဝင်တတ်သည်များကိုယူ၍ စိတ်ကူးယဉ်ရေးထားခြင်းသာ ... ကေမှားယွင်းရေးသားခဲ့သည်များရှိမိရင်ကြိုတောင်းပန်ပါတယ်ရှင့်]
*** ကုထုံးပထမအပတ် ***
"ဝတီ သေချာပြီလား"
"ဟုတ်ဆရာမ"
"ဒါကအိပ်မွေ့ချပြီးအိမ်မက်မက်ခိုင်းတာမျိုးပဲသမီး ... ဒါပေမယ့်ဒီဆရာမကဝတီအိပ်နေတဲ့အချိန်မှာဝတီဝိဉာည်ကိုအိတ်ဘဝတွေကိုသွားခိုင်းလိမ့်မယ် ဝတီဘာပဲကြုံတွေ့နေပါစေ ဝတီမဟုတ်တာကြောက့်လန့်သွားတာမျိုးမဖြစ်ဖို့ဆရာမမှာချင်တယ်"
"ဝတီ ကြိုးစားမှာပါ ... side effectရှိရင်တောင်မှပေါ့"
"ဝတီ ဒါကအခုဖြစ်နေတဲ့ရောဂါကိုသက်သာစေပေမယ့်လန့်ပြီးနိုးလာရင် နှလုံးကိုထိခိုက်နိုင်တယ် စိတ်ဝိဉာည်ပါလန့်သွားရင်ဦးနှောက်ထိခိုက်နိုင်တယ်နော်"
"မလုပ်ပါနဲ့တော့လား ညီမလေးရယ် ကိုယ်တောင်းပန်ပါတယ်တိုက်တွန်းမိလို့ အခုကိုယ်စိတ်ပူတယ်မလုပ်ပါနဲ့"
"သုသု ညီမဘာမှမဖြစ်စေရပါဘူး ဖြစ်လဲသုသုနဲ့အကိုသုတရှိတာပဲကို စိတ်ချ"
"ဒါဆိုစရအောင်"
ဆရာမကဝတီ့ကိုအိပ်စင်မှာထိုင်ခိုင်းပြီးအိပ်မွေ့ချလိုက်သည် တခနတွင်းချင်းပင်ဝတီအိပ်ပျော်သွားပြီးမြူတွေအုံ့စိုင်းနေသည့်spaceတစ်ခုကိုရောက်သွားသည် ဝတီမျက်လုံးများဖွင့်လိုက်သောအခါ နန်းဝတ်နန်းစားများနှင့်မင်္ဂလာပွဲတစ်ခုကိုမြင်လိုက်ရသည်
*ဒါဘယ်ခေတ်လဲ ဘယ်နိုင်ငံမှာလဲ ... အိုးမိုင်ဂေါ့ သတို့သမီးကငါလား လှလိုက်တာ*
*အယ် သတို့သားကအကိုပဲ ခ်ခ် ဖူးစာပါဆို*
*သူတို့ဘာတွေပြောနေတာလဲငါလည်းမကြားဘူး ဗြဲ... တရုတ်လိုတွေပြောနေတာလား*
ထို့နောက်ရုတ်တရက်အချိန်ကူးပြောင်းပြီး ထိုခေတ်ကဝတီနဲ့အကိုစကားပြောနေတဲ့အခန်းကိုရောက်သွားသည်
"ချစ်ဇနီး မိဖုရား ကျန်းမိဖုရား"
"ရှင်...ပြောပါအရှင်" (အမ် ငါတရုတ်လိုပြောလိုက်တာလား ငါကဘာလို့ဒီကိုယ်ထဲဝင်သွားတာတုန်း ... ဒီဘဝလည်းအကိုကကြည့်ကောင်းနေတုန်းပဲ )
"ဘာတွေတွေးနေတာလဲ ချစ်ဇနီး ကိုယ်တော်ပြောတာတောင်နားထဲမဝင်ပါ့လား"
" ကျွန်တော်မျိုးမ တောင်းပန်ပါတယ်အရှင် "
" ကိုယ်တော်ခုနကပြောတာ ကိုယ့်ဆီကိုချင်နိုင်ငံကချစ်ကြည်ရေးစာချွန်လွာပို့ထားတယ် "
" ဟင်း ... မိဖုရားတင်မြောက်လိုက်ပါအရှင် "
" ချစ်ဇနီးနည်းနည်းမှအမျက်တော်မရှဘူးလား"
" ကျွန်တော်မျိုးမမှာအမျက်တော်ရှခွင့်မရှိပါဘူးအရှင်"
"ကိုယ်ကဖြစ်စေချင်တယ်ဆိုရင်ရော"
"ယောလ်က ပိုင့်ကိုယုံတယ်လေ" (အမ် ငါကဘာလို့ယောတာလဲဟ သူကျတော့ပိုင်ပဲကို ဒါနဲ့ ချင်မိဖုရားဖြစ်လာမယ့်သူကကေသီလား သူလည်းအတိတ်မှာပါနေတာလား)
" ဘာ ... ဒီကလေးမလေး အတင့်ရဲနေတာလား ကိုယ်တော်အပစ်ပေးမှာနော်"
"ပိုင်က ယောလ်ကိုအပစ်ပေးရဲတယ်ပေါ့"
"လာ လက်တွေ့ပြမယ်"
(ငိ အပစ်ပေးတာကိုဘာလို့ပွေ့ခေါ်သွားတာတုန်း မဟုတ်မှကုတင်ပေါ်မှာလားဟ ... ဟူး ဝတီမရယ်မှောင်လိုက်တာဆိုတာ)
"ကိုယ်တော်ဒီနေ့ဒီမှာနန်းဆောင်ဝင်မယ် ဘယ်သူမှစောင့်စရာမလိုဘူး သွားကြတော့"
"ဟုတ်ကဲ့ပါ အရှင့်မင်ကြီး"
(ငါလေးသိတဲ့နန်းဆောင်အသုံးအနှုန်းမဟုတ်ပါစေနဲ့ ဂါး ဝတ္ထုတွေထဲကလိုလည်းပြောင်းလို့မရဘူး အီးဟီး extraordinary you ထဲကလိုဖြစ်နေတာပေါ့အခုက အား အသိစိတ်ကငါလေ ဒါပေမယ်ခန္ဓာကိုယ်နဲ့လုပ်ဆောင်ချက်အကုန်လုံးကဒီဘဝအပိုင်...ဟင်းးး ငါလေးliveပဲကြည့်ဖူးချင်တာဟ မခံဖူးချင်ဘူး)
YOU ARE READING
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...