[Unicode]
ပိုင်သက်ယံ's pov (လွန်ခဲ့တဲ့၆နှစ်အချိန်ကာလ)
ကျွန်တော်အတန်းလစ်ပြီးJSကိုထွက်လာခဲ့တယ်...
စိုက်ပျိုးရေးမှတ်တိုင်မှာ ကောင်မလေးတစ်ယောက် busပေါ်ကနေပွစိပွစိနဲ့ဆူပုတ်ပြီးစကားပြောရင်းဆင်းလာတယ် ပြီးတော့ရှေ့ကကောင်မလေးကိုလည်းမြင်ရောပြုံးပြီးသွားဖက်လိုက်တယ် ပြီးတော့သူမbusစီးရတာအဆင်မပြေကြောင်းဘာလို့အခုလောက်အဝေးကြီးကိုbusစီးခိုင်းရကြောင်းပြောနေတယ်ထင်ပါရဲ့ အဲ့ကလေးမလေး တော်တော်ချစ်ဖို့ကောင်းပါတယ် ကျွန်တော့်ထက်တော်တော်ငယ်မယ်ထင်တယ် ကျွန်တော်လည်းသူမလေးကိုငေးရင်းအတွေထဲမြောနေမိတယ် ခနနေတော့သူမလေးရဲ့ပုခုံးပေါ်ကိုကောင်လေး၂ယောက်ကလက်တစ်ဖက်စီတင်လိုက်တယ် ကျွန်တော်နဲနဲမျက်မှောင်ကြုံ့မိသွားတယ် ဒါပေမယ့်သူငယ်ချင်းမို့အတင်ခံတာနေမှာပါလေဆိုပြီးလွတ်ထားလိုက်တယ် ဒါပေမယ့်ကောင်လေးကိုတော့တစ်ချက်ကြည့်မိလိုက်တော့ ကျွန်တော့ညီဝမ်းကွဲ ထက်ဝေယံဖြစ်နေတယ် ကျွန်တော်လည်းသူမတို့နောက်ကိုတျောက်လျောက်လိုက်မိတယ် သူမတို့KFCဝင်စားပြန်တော့လည်း ဟိုကလေးမက ခရင်းနဲ့ဓားကိုင်စားနေလေရဲ့ ကြည့်ရတာ သူမလေးကအိမ်ကဖူးဖူးမှုတ်ထားတဲ့သူလေးဖြစ်မယ် ... ကျွန်တော်တစ်ခုအလိုမကျဖြစ်သွားမိတယ် အဲ့တာက
ကျွန်တော့်ညီနဲ့ပါလာနဲ့နောက်ကောင်လေးတစ်ယောက်ကသူမကိုအသားသေချာဖဲ့ပေးနေပြီး သူမနှုတ်ခမ်းနားကပေနေတဲ့အချဉ်ရည်ကိုသေချာသုတ်ပေးနေတယ် ကျွန်တော်ငေးကြည့်ရင်းတွေဝေမိသွားတယ် သူတို့ကအတွဲတွေလားဆိုပြီးပေါ့ ဒါပေမယ့် မဟုတ်ပါဘူး ဘာလို့လဲဆိုသူမကိုကျန်တဲ့၂ယောက်ကလည်းမတရားဂရုစိုက်ကျတယ်လေ ... ခနလည်းနေရော သူမကပြန်ကျမယ်လေ နောက်ကျနေပြီ အိမ်ကသိသွားလိမ့်မယ်ဆိုပြီးပြောလာတယ် ကျွန်တော်နာရီကြည့်မိလိုက်တော့နေ့လည်၁နာရီပဲရှိသေးတယ် ကြည့်ရတာသူမတို့သင်တန်းကခိုးထွက်လာတာဖြစ်မယ် ပြန်တော့လည်းသူမကbusကားစီးဖို့အတင်းငြင်းဆန်နေပုံရတယ် အဲ့တာနဲ့ပဲသူမတို့Taxiငှားပြီးပြန်သွားကြတယ် ... ကြက်ကြော်ဆိုင်မှာကျွန်တော်ကြားလိုက်ရတဲ့သူမနာမည်ကသော်တဲ့လေ ကျန်တဲ့သူတွေဘယ်လိုခေါ်လဲမကြားလိုက်ရပေမယ့် ဟိုကောင်လေးကသူ့မကိုသော်လို့ခေါ်လိုက်တာတော့သေချာတယ် ... မင်းလေးနဲ့ပြန်ဆုံချင်သေးတယ် "သော်" ... ကျွန်တော်လှည်းတန်းထိလမ်းလျောက်လာပြီးbusနဲ့အိမ်ပြန်လိုက်တယ် အိမ်ပြန်ရောက်တော့လည်းသူမလေးရဲ့လှုပ်ရှာမှုလေးတွေ ချစ်စရာကောင်းပုံလေးတွေပြန်တွေးပြီး ပြုံးကာ အိပ်ယာဝင်မိသွားတယ် လေ့ကျင့်ခန်းလုပ်ဖို့မေ့ ... writing အိမ်စာတွေရေးဖို့မေ့ရင်း အိမ်မက်ထဲသူမနဲ့ ဆုံတွေနေလေရဲ့ ... ကျွန်တော့်ညီကိုလည်းမမေးဖြစ်ပါဘူး ကျွန်တော်ရောသူရောအတန်းလစ်တာအိမ်ကမိသွားမှာစိုးလို့လေ
BINABASA MO ANG
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...