19

267 12 1
                                    

[Unicode]

၃နှစ်ကြာသော် ~~~

တီ ..... တီ ..... တီ ..... တီ .....

"ပိုင်~~~" *လေသံဖြင့်တိုးညင်းစွာညည်းလိုက်သည်*
"ဝတီ ဗြဲ... ဝတီ သတိရလာပြီ ... အီးဟီး"
"သုသုရယ် ဝတီလေးကအခုမှသတိရတာကို ငိုမနေနဲ့တိတ်တော့"
"အဟင့် ကျွန်တော့်ကို သုသုလို့ခေါ်မယ့်လူနာမရှိတော့ဘူးထင်နေတာ ... ဗြဲ ... မကောင်းတဲ့ကလေးစုတ်မလေး"
"ဝတီ နေလို့သက်သာလား"
"ဟင့်အင်း"
"ဟမ် ဘာလို့လဲ ဘာဖြစ်လို့လဲ ဘယ်နားကအဆင်မပြေသေးတာလဲ ခေါင်းကလား နှလုံးကလား"
"နားက"
"အမ်...နားလည်းမထိမိပါဘူး"
"အရမ်းဆူနေလို့"
"ကလေးစုတ်မ ငါနင့်ဆရာဝန်မလုပ်တော့ဘူး ဗြဲ အီး ဟီး"
"နေနိုင်တာလည်းမဟုတ်ပဲနဲ့ ..."
"ဘယ်သူ့ရှာနေတာလဲ ဝတီ" (* seme doctorလှမ်းမေးလိုက်တာပါ )
"မဟုတ်ပါဘူး ဒီတိုင်း ... ဒါနဲ့ ဝတီဘယ်ဆေးရုံရောက်နေတာလဲ"
"ဟန်ဆောင်းဆေးရုံကြီးမှာ ဝတီမနှစ်ကမှရွှေ့လာတာ"
"အော် ... ဘာ မနှစ် ???"
"ဟုတ်တယ်ဝတီ ... ဝတီသတိလစ်နေတာ၃နှစ်တောင်ရှိပြီ"
"ဒီကြားထဲဘာတွေဘယ်လိုဖြစ်သွားလဲသိချင်တယ်ရယ် သူရောအခြေအနေဘယ်လိုရှိလဲ"
"ဟက်..ထင်သား ငါ့ကျအရင်မမေးဘူး ကလေးစုတ်မ" ( *ukeဒေါက်တာ စိတ်ကောက်စွာပြောသံ )
"ဝတီ့ယောက်ျားကခုနကမှသူစားဖို့အောက်ဆင်းပြီးသွားဝယ်နေတယ်"
"ဘယ်ယောက်ျားလဲ"
"နင်အတိတ်မေ့သွားတယ်တော့မပြောနဲ့နော် နင့်ယောက်ျားပိုင်သက်ယံလေ"
"အာ...မယူရသေးဘူးလေ မဟုတ်ဘူးလား"
"အော် လက်ထပ်မှတ်ပုံတင်ပြီးသွားပြီလေ ပွဲပဲမလုပ်ရသေးတာလေ အဲ့တာယောက်ျားမဟုတ်လို့ငါ့လင်လား"
"သုသုကလင်ထပ်လိုချင်သေးလို့လား ... ဟားဟား"
"ဟားးးးး"

အခန်းထဲကရီသံလေးတွေကြားလိုက်ရတဲ့အချိန်မှာကျွန်တော့်ရင်ခုန်သံတွေကအတိုင်းအဆမရှိမြန်ဆန်လာတယ် သော် ... သူမ နိုးလာပြီလား ... ကျွန်တော်အလျင်အမြန်တံခါးဆွဲဖွင့်လိုက်ကာ ...

"သော်"
"ဘယ်သူလဲမသိဘူး"
"ဟင် သော်ကိုယ့်ကိုမမှတ်မိဘူးလား အကိုသုတ သော်ဘယ်လိုဖြစ်တာလဲ သော် ကိုယ်လေ ... ပိုင်လေ ... သော် " ပြောရင်းမျက်ရည်တွေပေါက်ပေါက်ကျလာကာဆရာဝန်သွားခေါ်ရန်ပြင်နေသည်
[A/N နင့်ဘေးမှာ၂ယောက်တောင်ရှိတယ်လေအကိုတော်ရယ်]

💔 In this life 💔 (Z+U)Tahanan ng mga kuwento. Tumuklas ngayon