[Unicode]
ထိုညပြီးသွားကတည်းက ကေသီအောင်ပျောက်သွားတော့သည် ပိုင်သက်ယံနှင်းနန်းဝတီသော်လည်း သူတို့၂ယောက်မင်္ဂလာပွဲအတွက်ဆက်ပြီးပြင်ဆင်နေကြသည် ...
"ပိုင် ... သူမအဆင်ပြေမှာပါနော်"
"သော် တောင်အဆင်ပြေလို့လား...ဟင်...အဲ့နေ့ညထဲက သော် အရင်လိုမတက်ကြွနေတော့ဘူးနော် အစားလည်းသိပ်မစားတော့ဘူး"
"သော် ဝိတ်ချနေလို့ပါ ပိုင်ရဲ့"
"ကိုယ့်ကိုယ်ကိုမှန်ရောကြည့်မိသေးရဲ့လား သော် ... သော်အခုနေလေပြင်းမပြောနဲ့ရိုးရိုးလေတိုက်ရင်တောင်လဲနိုင်တယ်"
"အင်း သော် ကြောက်တယ် ... လက်မထပ်ခင်တစ်ခုခုမှားယွင်းသွားမှာကို"
"ကိုယ်ကာကွယ်မယ်သော် ... အရင်ဘဝတွေကကိုယ်လစ်ဟင်းခဲ့တဲ့တာဝန်တွေအတွက် ကိုယ်ထပ်လောင်းပြီးတာဝန်ကျေချင်တယ် ကိုယ်သော့်ကိုအသက်နဲ့ရင်းပြီးကာကွယ်ပေးမယ်"
"အဲ့လိုလုပ်တာကောင်းပေမယ့် သော် ပိုကြောက်တယ် ပိုင်သာတစ်ခုခုဖြစ်ခဲ့ရင်သော်သေရလိမ့်မယ်"
"ကိုယ့်ကိုအဲ့လောက်မချစ်ပါနဲ့လား သော် ... တစ်ခုခုဆို ၂ဆနာကျင်နေရတယ်မလား"
"ချစ်မှာပဲ ... ပိုင်ကသော့်အတွက်ဘဝတိုင်းရဲ့ဖူးစာကြိုးလေးပဲ"
"ချစ်တယ် အချွဲလေး ...အခုတော့ ညစာစားရမယ်"
"ဟင် သော် ဗိုက်မစာဘူးလို့"
"ဒါတော့မရဘူးသော် မချွဲနဲ့ ... သော်ညစာမစားရင် ကိုယ်သော့်ကိုညစာအနေနဲ့စားမှာနော်"
"ဟာ...၂ရက်ပဲလိုတော့တာကို"
"အဲ့တာကြောင့်ညစာစားမယ်သော် ... ထမင်းမစားချင်ရင်ကိုယ်ခေါက်ဆွဲပြုတ်ပေးမယ်လေ"
"အင်း"
[A/N တစ်တိုက်ထဲမို့ညထိတူတူရှိတာပါနော် အတူမနေပါဘူးနော်]နောက်တနေ့နံနက် စာကြည့်တိုက်၌ ...
"ဝတီ ဘာဖြစ်နေတာလဲ ရုပ်က ... မင်္ဂလာဆောင်ရတော့မယ့်သတို့သမီးလောင်းနဲ့မတူဘူး သေတော့မယ့်အလောင်းကောင်ရုပ်နဲ့"
"စောရယ် နင်ပြောတာဝတီလည်းရစရာမရှိတော့ဘူး"
"ကြည့်ပါလားတမှိုင်မှိုင်နဲ့"
"ငါ ရင်ထဲသိပ်မကောင်းဘူး"
"ဗိုက်ကြီးနေတာလား???"
"ကျွန်းမှာ၂ယောက်ထဲကျန်ခဲ့တုန်းကများ ..."
"ပေါက်ကရတွေ ... မဟုတ်ပါဘူး"
"ဒါဆိုဘယ်လိုဖြစ်လို့"
"မကောင်းတာတစ်ခုခုဖြစ်တော့မလိုခံစားနေရတယ်"
"အိ...တီတီအာ့လိုပြောရင် ကျွန်တော်ကြောက်တယ်နော် တကယ်ဖြစ်လာမှာ"
"နင်ရာသီလာနေတာလား ဝတီ"
"ကိုကိုကအာ့အကြောင်းတွေဘယ်လိုသိတာလဲ ကိုကိုနော် ကျွန်တော့်အပြင်နောက်တစ်ယောက်ရှိနေပြီမလား"
"ကလေးကကွာရစ်ပြီ ... ကိုယ်ကတခြားသူငယ်ချင်းတွေမရှိပဲ သူတို့တွေနဲ့ပဲအမြဲတူတူနေလာရတော့သိတာမဆန်းဘူးလေ"
"ဝတီမက လဆန်းဟဲ့"
YOU ARE READING
💔 In this life 💔 (Z+U)
Romance[Unicode] ဘဝဆက်တိုင်းချစ်ရသူကိုကာကွယ်ဖို့ဘာမဆိုငါလုပ်ပေးနိုင်တယ် ဒါပေမယ့် ဘာလို့ခံစားရသူဟာ ငါပဲလဲ နန်းဝတီသော် အမြဲတမ်းမပြတ်အသားဖြစ်နေမိတာတောင်းပန်ပါတယ် သော် ... ပိုင်သက်ယံ ဘဝဆက်တိုင်းယံကငါ့အတွက်ပဲဖြစ်နေရမယ် ငါသူ့ကိုမချစ်တော့ရင်တော၇်မှသူကငါ့အပိုင်ပဲ...