မီးဖိုထဲဆင်းကာ အခန်းထဲမှအိမ်အကူမလေးအား
မနက်စာ ဘာချက်သည်လဲမေးလိုက်နေသည့် တင်တင်ထွဋ်သည် နွားနို့ အား အနည်းငယ်ခွက်အသေးလေးထဲထည့်ကာ
သောက်လိုက်ပြီး ပြန်ထွက်သွားလေလိုက်သည်။
ခပ်သောက်လိုက်စဉ်က အကျီလက်ကြားထဲထည့်ထားသည့် အိမ်မြှောင်သည် အိုးထဲကြသွားလေသည်ကြောင့်
ခွက်ထဲမှ နို့သည်က အန္တရာယ်ကင်းလေသည်။
ထို့ကြောင့်ခပ်အေးအေးမျက်နှာဖြင့် တခြားခွက်ထဲထည့်ကာသောက်ပြီး ခွက်နှစ်ခုလုံးအား ဘေစင်တွင်ထည့်ကာ
မနက်စာပြင်တော့ဟုပြောလိုက်ပြီး လူစုံတက်စုံဆင်းလာသည်ကို စောင့်နေသည်။
'ကဲ....ပျင်းစရာမကောင်းအောင်ဖန်တီးလိုက်ပြီ....'
ရင်ထဲမှ လှောင်ရယ်သံသည်က ကျယ်လောင်စွာထွက်ပေါ်နေသော်လည်း ရုပ်ရည်သည်က တည်ငြိမ်သည့် အိန္ဒြေရှင်မတစ်ဦးလိုပင် ဧည့်ခန်းထဲထိုင်ကာ သတင်းစာဖတ်နေလေသည်။
"အမလေး.............ဝုန်း........."
ဦးထွဋ်ဇင် လက်အားချိတ်ကာ ချွဲပြစ်ပြစ်အမူအယာအစုံဖြင့် ဆူပုတ်ကာ ဘာတွေအလိုမကျမှန်းမသိ စကားတပြောပြောဖြင့် လှေကားအတိုင်းဆင်းလာသည့် ခမည်းတော်ဘုရားနှင့် မိထွေးတော်တို့အား သတင်းစားအားမျက်နှာမူလျက် မျက်လုံးလှန်ကာ စေ့စေ့ကြည့်နေမိသည်။
ထိုအချိန်ပဲ အိမ်နောက်ဖေးမှအသံကြားရပြန်သည်။
အချိန်ကောင်းဟုတွေးကာ ရင်ညွန့်အားဖိလျက် ယခုနသောက်ထားသည့် နွားနို့များအား ဆိုဖာပေါ်သို့ အန်ထုတ်လိုက်သည်။
"ဘာဖြစ်တာလဲ မိသီ......"
"သူဋ္ဌေးကြီး နွား နွား.......
ဟယ်.....မမကြီး အန်နေတယ်...."
ရင်ဘတ်အားဖိကာ အန်နေသည့် သမီးကြီးအနားသို့
ဦးထွဋ်ခေါင် တစ်ယောက်အပြေးသွားကာ ဘေးမှဝင်ထိုင်လိုက်သည်။ အပြေးအလွှားရောက်လာသည့် အိမ်အကူအမျိုးသမီးကြီးသည်က ယပ်ခပ်ပေးနေလေသည်။
YOU ARE READING
အကို (Completed)
Romanceအရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို............... ...................................................... အရာအားလုံးခွင့်လွှတ်တာမို့ ပြန်လာပေးပါ အကို...............