Part - 14 (Uni & Zawgyi)

31.4K 2.2K 308
                                    

Warning Sexual contects........

အိမ်တွင်ဒီနေ့လူအများစုအလုပ်များနေကြသည်။ မမကြီး၏မွေးနေ့ပွဲသည် ညနေခင်းတွင်ကျင်းပမည်ဆိုသည်ကြောင့် အလုပ်သမားများ မနက်တည်းကပင် ခုံစီ၊ ခုံချနှင့် ဂိုဒေါင်နှင့် အိမ်ရှေ့မြက်ခင်းတွင် လူအများကြီးရှုပ်နေပေသည်။

"အကို....မမကြီးမွေးနေ့ဘာလက်ဆောင်ပေးမှာလဲ..."

"ဝယ်ထားပြီးပြီ...."

"ဝမ်းလဲမမကြီးအတွက် လက်ဆောင်ပြင်ထားတယ်..."

"ဘာလေးလဲ...."

"ပြဘူး......ကိုယ်တိုင်လုပ်ထားတာ...."

"အေးပါကွာ....မြန်မြန်လုပ်တော့ ငါနောက်ကျနေပြီ...."

အကျီလက်အားအမြန်ခေါက်တင်ပေးလိုက်သည်။ ဆံပင်ဖြီးကာ ရေမွှေးဆွတ်နေသည့် အကို့အား အိတ်ကလေးကိုင်ကာ ရပ်နေလိုက်သည်။ သို့ပေသည့်တိုင် အကို အိတ်လေးသည်ကပေါ့နေသောကြောင့် အခန်းတွင်း ပတ်ကြည့်လိုက်သည်။ တွေ့ပါပြီ လက်ပ်တော့အပြင်ရောက်နေခြင်းပင်။

...................

ပြတင်းပေါက်အပြင်ဘက်သို့လက်နှစ်ဖက်ပိုက် မတ်တပ်ရပ်ပြီး ညအိပ်ဂါဝန်ကြီးဖြင့် မလိမ်းမဖြီးရသေးသည့် မျက်နှာနှင့်ပဲ ညအစီအစဉ်အား သေချာစွာ စဉ်းစားနေလိုက်သည်။ သူမ၏ အနောက်ဘက်တွင်ရပ်နေသော ဟေသာ့အား တစ်ချက်စောင်းကြည့်ကာ ခပ်ပြုံးပြုံးဖြင့်မေးလိုက်သည်။

"ဆေးရော......."

လက်ထဲမှအထုပ်လေးထောင်ပြကာ ခပ်မဲ့မဲ့ပြုံးပြလေသည်။

"သေချာ ပြောပြထားလား...."

ခေါင်းငြိမ့်ပြပြန်သည်။

"ပြင်ဆင်ပြီးပြီလား....."

"စိတ်ချလို့ရပါပြီ......"

"ငါမင်းလက်ထဲ အပ်ထားလိုက်ပြီနော်...အရည်အချင်းနဲ့
ငါသင်ပေးထားတဲ့ ပညာတွေကို အလကားမဖြစ်စေနဲ့....
လောကမှာ တင်တင်ထွဋ် ယုံတာ "မင်းနဲ့စမ်းရည်"ပဲရှိတာ
သိထားပါ ဟေသာ.........ငါလဲရင် မင်းတို့လဲပြိုမှာပဲ...."

"ဟုတ်ကဲ့ပါ သခင်မ.....ဟေသာက ငယ်ငယ်လေးတည်းက သခင်မကယ်ခဲ့တဲ့အသက်နဲ့ အသက်ဆက်ထားရတာပါ.....အဖေအမေမွေးခဲ့တဲ့ အသက်ကသေသွားခဲ့ပါပြီ..."

အကို (Completed)Where stories live. Discover now